နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘယ်ဘက်မျက်လုံး အတွင်းတိမ်အား ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီး


နေပြည်တော်၊ ဧပြီ ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်အတက်နေ့(၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့) နံနက် ၉ နာရီခန့်တွင် ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် ညာဘက်မျက်လုံး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် ယနေ့ ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို ထပ်မံ၍ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်အရ ခွဲစိတ်ပြီးစီးသည့်နောက် မျက်လုံးအား ရက်အနည်းငယ် အနားပေးရမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စိတ်ရောကိုယ်ပါ ဂရုတစိုက် ခွဲစိတ်ကုသမှု ပြုပေးခဲ့ကြပါသော အထူးကုဆရာဝန်ကြီးများ၊ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများ၊ ဆုမွန်ကောင်းတောင်း မေတ္တာပို့သပေးကြသော ပြည်တွင်းပြည်ပရှိ ပြည်သူများ အားလုံးကို ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
https://www.facebook.com/state.counsellor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘယ်ဘက်မျက်လုံး အတွင်းတိမ်အား ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီး  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘယ်ဘက်မျက်လုံး အတွင်းတိမ်အား ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီး Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.