ရေတွင်းထဲရှိ အမှိုက်များ ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်ကာ လူတစ်ဦးသေဆုံး


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် အောက်ကျင်းပိုင်းတွင် ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက ရေတွင်းထဲရှိ အမှိုက်များ ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်ကာ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်းမှ သိရှိရသည်။

"ရေတွင်းထဲ အမှိုက်ဆင်းဆယ်ရင်း အောက်ဆီဂျင်ပြတ်ပြီး လူသေတယ်လို့ အုပ်ချုပ်ရေးမှူးဆီက ဖုန်းနဲ့ အကြောင်းကြားလာလို့ သွားစစ်ဆေးတာ အမှိုက်ဆင်းဆယ်တဲ့သူက အသက်ရှူကျပ်လာတယ်လို့ အော်ပြောတော့ သူအစ်မနဲ့ သူ့သားက ကြိုးကိုဆွဲတင်တာ ပြုတ်ကျပြီး အောက်ဆီဂျင် ပြတ်သေဆုံးသွားတာ'' ဟု သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်တွင် ဒေါ်ပုလဲ ၅၀ နှစ် (ဘ) ဦးထွန်းခင် နေအိမ်ခြံဝင်းအတွင်းရှိ လေးပေအကျယ် ကွန်ကရစ်ပိုင်းဖြင့် ပြုလုပ်ထားသော အနက် ၂၄ ပေရှိ ရေတွင်းထဲ၌ အမှိုက်များရှိနေသဖြင့် မောင်တော်စပ်သူ ဦးထွန်းအေး (ခ) ဖိုးချီး ၄၂ နှစ် (ဘ) ဦးထွန်းခင်က အမှိုက်များ ဆင်းဆယ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆင်းဆယ်ရာ ရေတွင်းထဲ၌ အောက်ဆီဂျင် ပြတ်သဖြင့် အသက်ရှူမရကြောင်း အော်ဟစ်ပြောဆိုသဖြင့် အစ်မဖြစ်သူနှင့် သားဖြင့်သူတို့က ကြိုးအားဆွဲတင်ရာ ကြိုးပြတ်ကျသဖြင့် ဦးထွန်းအေးမှာ ရေတွင်းထဲတွင် သေဆုံးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် သိရှိစေရန် သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြာင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ရေတွင်းထဲရှိ အမှိုက်များ ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်ကာ လူတစ်ဦးသေဆုံး  ရေတွင်းထဲရှိ အမှိုက်များ ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်ကာ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.