ကရင်ပြည်နယ် အစိုးရအဖွဲ့ အတည်ပြု


ကရင်ပြည်နယ် လွှတ်တော် ဆဌမမြောက်နေ့ တွင် ပြည်နယ် ၀န်ကြီးဌာန အရေအတွက် နှင့် ပြည်နယ်ဝန်ကြီးဦးရေ သဘောတူအတည်ပြု

ဘားအံ၊ ဧပြီ ၅

ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဌမနေ့ကို ဧပြီလ ၅ ရက်နေ့ နံနက် ၁ဝ နာရီ အချိန်က ကရင်ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပျက်ကွက်သူမရှိ ရာနှုန်းပြည့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးဌာနအရေအတွက်နှင့် ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈ အရ နိုင်ငံတော်သမ္မတက ကရင်ပြည်နယ်တွင် ၀န်ကြီးဌာန(၆)ခု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင် သာယာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီး ဌာနတို့ သတ်မှတ်ထားရှိရန် ပေးပို့လာသည့် အဆိုပြုချက် အား ပြည်နယ် လွှတ်တော်ဥက္ကဌ က ပြည်နယ်လွှတ်တော်တွင် ဖတ်ကြားတင်ပြ ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူသည့် အတွက် ပြည်နယ်လွှတ်တော်က သဘောတူကြောင်း ကြေငြာသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ပြည်နယ်လွှတ်တော်တွင် အတည်ပြုထားသော ပြည်နယ်ဝန်ကြီးဌာနများတွင် ၀န်ကြီးများအဖြစ် ခန့်အပ်နိုင်ရန် ဗိုလ်မှူးကြီးအောင်လွင် (တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးသန်းနိုင် (ဘားအံမြို့၊ မဲဆန္ဒနယ် အမှတ်-၂)၊ ဦးစောမြင့်ဦး (ဖါပွန်၊မဲဆန္ဒနယ်အမှတ်-၁)၊ ဒေါက်တာတင်ဝင်းကျော် (လှိုင်းဘွဲမြို့၊ မဲဆန္ဒနယ်အမှတ်-၁) ဦးစိုးလှိုင်( ပြင်ပပုဂ္ဂိုလ် ) ၊ ဦးစောပြည်သာ (ပြင်ပပုဂ္ဂိုလ် ) တို့အား ပြည်နယ်လွှတ်တော်သို့တင်ပြခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ကန်ကွက်မှုမရှိ သဘောတူညီ ကြသည့်အတွက် လွှတ်တော်ဥက္ကဌက သဘောတူကြောင်း အတည်ပြုကြေငြာခဲ့ပြီး ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဆဌမနေ့ကို ၁၀နာရီ ၁၅ မိနစ်တွင် ရပ်နား ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ကရင်ပြည်နယ် အစိုးရအဖွဲ့ အတည်ပြု  ကရင်ပြည်နယ် အစိုးရအဖွဲ့ အတည်ပြု Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.