လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့


မုံရွာ၊ ဧပြီ(၂၂)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဧပြီလ(၂၂)ရက်နေ့ မွန်းလွဲ (၂)ရီခန့်မှ ညနေ(၄)နာရီအချိန်ခန့်အတွင်း မိုးနှင့်အတူ မိုးသီးများ ပါရွာချပြီး လေပြင်းများ တိုက်ခတ် မှုကြောင့် လျှပ်စစ် ဓာတ်ကြိုးများ ပြတ် ကျခြင်း၊ ဓာတ်အားပေးတိုင်များ ယိုင်ခြင်း၊ ကျိုးကျခြင်း များကြောင့် မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်မှု များ ဖြစ်ပေါ်ခဲ့ကြောင်း တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ သိရသည်။


ယနေ့ လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ်မှာ (11KV) ရေဦး-ဒီပဲယင်း လိုင်းနှင့် (11KV) ဒီပဲယင်း-ညောင်လှ လိုင်းတွေမှာ Binding များ ပြတ်ကျပြီး လိုင်းကြိုးတွေပြုတ်ကျခြင်း၊ (11KV) မြရိပ်လိုင်းပေါ်ရှိ ကွန်ကရစ်တိုင် (၆)တိုင် ကျိုးပြတ်ခြင်း၊ ခင်ဦးမြို့နယ်မှာလည်း ဓာတ်အားပေး တိုင်တွေ ယိုင်သွားခြင်း၊ ကျိုးပြတ်ခြင်းနှင့် Binding များ ပြတ်ကျပြီး လိုင်းကြိုးတွေပြုတ်ကျခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် (33KV) ငှက်ပျောဒိုင်း- ရွှေဘိုလိုင်းပေါ်တွင် လိုင်းပေါ်ရှိ လိုင်းခန်း(၆၆) ခန်းမှာ ကြိုး(၁)ချောင်း ပြုတ်ကျခြင်း၊ (33KV) အုန်းတော-ဆားတောင်-၀က်လက်-အရာတော် လိုင်းမှာ (၁၂)မီတာရှိ ကွန်ကရစ်တိုင် (၁၅)တိုင် နှင့် (33KV) အုန်းတော-မြင်းမူ လိုင်း ထီးဆောင်းကျေးရွာအနီးမှာလည်း (၁၂)မီတာ ကွန်ကရစ်တိုင် (၁၁)တိုင် ကျိုးပြတ်ခဲ့ပါတယ်။


အလားတူပဲ မြင်းမူမြို့နယ် ကမ်းနားလမ်းမှာလည်း (11KV) လိုင်းမှာ တိုင်(၆)တိုင်နှင့် (၄၀၀)ဗို့ ဓာတ်အားလိုင်း (၉)မီတာ ကွန်ကရစ်တိုင် (၉)တိုင် ကျိုးပြတ်ခြင်းတွေ ဖြစ်ပ်ါခဲ့ပါတယ်။

လက်ရှိမှာ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်များရှိ အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်လျက် ရှိရာ ပြည်သူများထံ လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး ချက်ချင်း အမြန်ဆောင်ရွက်လျက်ရှိပါတယ် ဟု တိုင်းဒေသကြီး လျှပ်စစ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ Reviewed by THITHTOOLWIN on 06:54 Rating: 5
Powered by Blogger.