မူဆယ်မြို့တွင် နေအိမ်တစ်လုံး မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့


မူဆယ် ဧပြီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် ၄လမ်းနှင့် ၅ လမ်းကြားရှိ အိမ်အမှတ်(စစ/၁၀၄) အိမ်ဌားအဖြစ်နေ ထိုင်သည့်နေအိမ် တစ်လုံးဧပြီလ(၁၀)ရက်နေ့ နံနက်(၁၁)နာရီ အချိန်တွင် နေအိမ် တစ်လုံး မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။

အဆိုပါ မီးလောင်သည့်နေအိမ်သည် ဦးစိုင်းအိုက်ဆမ်၏နေဖြစ်ပြီး အိမ်ဌားဒေါ် လီဇင်းမြင့်(သ)၂၉နှစ်(ဘ)ဦးရှောက်ဆန်း၏နေအိမ် အလျား ၁၅ပေ အနံပေ၂၀ (၂)ထပ်နေအိမ် သွပ်မိုး ထရံကာနေအိမ်အမျိုးအစားဖြစ်ပါသည်။

မီးကြွင်းမီးကျန်မှမီးစတင်လောင်ကျွမ်းခဲ့ကြောင့် သိရသည်။ မီးလောင်မှုကြောင့် အခြားနေအိမ်များသို့ ကူးဆက်လောင်ကျွမ်းခြင်း၊ လူ၊ တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရာရရှိမှု မရှိကြောင်း မူဆယ်မီးသတ်ဦးစီးဌာနမှ ပြောကြားခဲ့သည်။


မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ မီးပေါ့ဆသူ အိမ်ဌားဒေါ်လီဇင်းမြင့်အား မူဆယ်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာအမှတ်(ပ)၁၅၈/၂၀၁၆ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၈၅ အရအမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုဇော်၊ မူဆယ်မြို့မ ရဲစခန်းမှ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးကိုကိုကြီးနှင့် သန္ဒေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရှိအရံမီးသတ်တပ်ဖွဲ့များ၊ စွမ်းစော် အုပ်ချုပ်ရေးမှူး ဦးစိုင်းကာခမ် စုစုပေါင်းအင်အား(၁၀၀)ဦးခန့်မှ မီးသတ်ယာဉ် ၈ စီး၊ ရေသည်ယာဉ်၁စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၁၁)နာရီ(၁၅)မိနစ်တွင် မီးညွှန့်ကျိုးပြီးမီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

အယ်လ်စိုး(iprd)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မူဆယ်မြို့တွင် နေအိမ်တစ်လုံး မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့  မူဆယ်မြို့တွင် နေအိမ်တစ်လုံး မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.