ရာသီဥတုဆိုးဝါးတာကြောင့် ပျက်စီးမှု သေဆုံးမှု ထုတ်ပြန်

Photo: MOI Webportal Myanmar/ Facebook ( စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားတဲ့ အိမ်အချို့ကို ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ် )
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စပြီး ၄ ရက်ဆက်တိုက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာနဲ့ မိုးကြီးခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ သောင်းကျော် ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေအိမ်ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၃၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ လူမှု ၀န်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဦးစီးမှူး ဦးစ၀ီလီဖရန့်(စ်) က ပြောပါတယ်။

လူမှုရေး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သေဆုံးသွားသူတွေရဲ့ မိသားစုကို ငွေကျပ် ၁ သိန်းနှုန်းစီ ထောက်ပံ့ပေးနေပါတယ်။
လူကယ်ပြန်ဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မှာ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦး ရှိပြီး မန္တလေးတိုင်းမှာ ကျွဲ၊ နွားအကောင်ရေ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေ ဖြစ်ပွားခဲ့ပြီး နောက်ထပ် ၂ ရက်လောက်အထိ ဆက်လက်ဖြစ်ပွားနိုင်မယ့် အခြေအနေတွေရှိကြောင်းလည်း မိုးလေ၀သပညာရှင် ဦးထွန်းလွင် က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ရာသီဥတုဆိုးဝါးတာကြောင့် ပျက်စီးမှု သေဆုံးမှု ထုတ်ပြန်  ရာသီဥတုဆိုးဝါးတာကြောင့် ပျက်စီးမှု သေဆုံးမှု ထုတ်ပြန် Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.