မတ္တရာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


မတ္တရာ ဧပြီ ၃ဝ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာတွင် ဧပြီလ ၃၀ ရက် နံနက် ၁၀ နာရီ အချိန်ခန့်က နွားစာများထားရှိသော အဆောက်အဦးတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက္ကောင်းကြီးကျေးရွာနေ ပိုင်ရှင်ဦးလင်းလင်း၏ ငါးမွေးမြူရေးခြံရှိ နွားစာများထားရှိသော သက်ကယ်မိုး အဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် (၂) စီး၊ အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီးနှင့်အတူ သန္ဓေမီးသတ် (၆)ဦး၊ အရန် မီးသတ် (၁ဝ) ဦး၊ အဆိုပါခြံရှိ အလုပ်သမားများနှင့် ကျေးရွာသူ/သားများပူးပေါင်း၍ ငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုသည် အခြားသို့ကူးစက်လောင်ကျွမ်းမှုမရှိသည့်အပြင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပြီး ပိုင်ရှင်ဦးလင်းလင်းအား မတ္တရာမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

စိုးကျော်သူထွေး(မတ္တရာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မတ္တရာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား မတ္တရာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.