မြိုင်မြို့တွင်လေပြင်းတိုက်ခတ်သဖြင့်နေအိမ်အမိုးအချို့ပျက်စီး

ပခုက္ကူ ၊ ဧပြီ ၂၂

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဧပြီ၂၂ရက် ညနေ၆နာရီခန့် ကလေပြင်း တိုက်ခတ်သဖြင့်မြိုင်မြို့၊အမှတ်(၃)မြသီတာတောင်ဘက်ရပ်တွင် အိမ်အချို့ ပျက်စီးကြောင်း သိရသည်။

ညနေ၆နာရီမှစ၍၁၀မိနစ်ခန့်လေပြင်းတိုက်ခတ်သဖြင့် မြိုင်မြို့ အမှတ်(၃)မြသီတာတောင်ဘက် ရပ်ရှိအိမ်ရှင်ဒေါ်စန်းမြင့် ၏ အိမ်ခေါင်မိုးရှေ့ခြမ်းပြုတ်ထွက်ပြီး အနီးရှိအိမ်ရှင် ဦးတင်ဝင်း၏ အိမ်ခေါင်း ရင်းသို့အချပ်လိုက်ကျသဖြင့် ဦးတင်ဝင်း၏အိမ်ခေါင်းရင်း အမိုးပိုင်း အနည်းငယ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/






မြိုင်မြို့တွင်လေပြင်းတိုက်ခတ်သဖြင့်နေအိမ်အမိုးအချို့ပျက်စီး မြိုင်မြို့တွင်လေပြင်းတိုက်ခတ်သဖြင့်နေအိမ်အမိုးအချို့ပျက်စီး Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.