“ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လွှတ်တော်သို့ အဆိုပြုတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးဌာနနှင့် အမည်စာရင်းများ”


ယနေ့ ဧပြီ ၄ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဆိုပြုသည့် ဝန်ကြီးဌာန ၆ ခု

- လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ
- စိုက်ပျိုးရေး ၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာန
- လျှပ်စစ် ၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန
- စည်ပင်သာယာရေး ဝန်ကြီးဌာန
- လူမှုရေး ဝန်ကြီးဌာန

ထို့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တိုင်းဒေသကြီးအဆင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့ တင်သွင်းသော အမည်စာရင်းများမှာ

-ဦးမြင့်သောင်း - လက်ထောက်ညွှန်ကြားရေးမှူးဟောင်း (ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန)
-ဦးဟန်ထွန်း ညွှန်ကြားရေးမှူး (အငြိမ်းစား) (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း)
-ဒေါ်နီလာကျော် - အကြီးတန်းလိုင်စင်ရ ဗိသုကာပညာရှင်
-ဦးမောင်မောင်စိုး - အငြိမ်းစား ပါမောက္ခ (အသုံးချ ဘောဂဗေဒဌာန ရန်ကုန်စီးပွားရေးတက္ကသိုလ်)
-ဦးနိုင်ငံလင်း - သာကေတမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်
-တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဦးဟန်ထူး ဒု-ညွှန်မှူး ရှေ့နေချုပ်ရုံး
-တိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်သန်းလှ (စာရင်းကိုင်ဟောင်း)
(ငွေစာရင်းဌာန သမိုင်းချည်မျဉ်နှင့် အထည်စက်ရုံ စက်မှုဝန်ကြီးဌာန) တို့ ဖြစ်သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
“ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လွှတ်တော်သို့ အဆိုပြုတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးဌာနနှင့် အမည်စာရင်းများ”   “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လွှတ်တော်သို့ အဆိုပြုတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးဌာနနှင့် အမည်စာရင်းများ” Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.