အီရတ်ရှိ အိုင်အက်စ်စစ်သွေးကြွများကို ဆက်လက်မောင်းထုတ်လျက်ရှိသော်လည်း စိုးရိမ်မှုအချို့မြင့်တက်လျက်ရှိ


ဝါရှင်တန် ဧပြီ ၁၂

အမေရိကန်ဦးဆောင်သည့်ထိုးစစ်များဖြင့် အီရတ်ရှိ အိုင်အက်စ်အကြမ်းဖက် သမားများကို ဆက်လက်မောင်းထုတ်လျက်ရှိရာ အမေရိကန်နှင့် ဒေသတွင်း တည်ငြိမ်ရေးလိုလားသော ကုလသမဂ္ဂအရာရှိများကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဧပြီ ၁၂ ရက်က ဖော်ပြ ခဲ့သည်။

အဓိကစိုးရိမ်ပူပန်မှုမှာ ပျက်စီးနေသော မြို့တော် ရာမဒီနှင့် တခြားမြို့ များကို ပြန်လည်တည်ဆောက်ရန် လုံလောက်သော ဘဏ္ဍာငွေမရှိခြင်းနှင့် အမေရိကန်ဦးဆောင်အဖွဲ့များ၏ အဓိက ရည်ရွယ်ချက်ဖြစ်သော အစ္စလမ္မစ် တို့ ထိန်းချုပ်ထားသော မြို့တော် မိုဆူးလ်ကို မသိမ်းပိုက်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂသည် အမေရိကန်နှင့် ၄င်း၏မဟာမိတ်များထံမှ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ ကို လွန်ခဲ့သော ဒီဇင်ဘာလက အမေရိကန်ဦးဆောင် အီရတ်တပ်ဖွဲ့များက ပြန်လည်သိမ်းယူခဲ့သော ပျက်စီးနေသည့် အီရတ်ရှိ မြို့တော် ရာမဒီနှင့် ယင်းကဲ့သို့ အခြားပျက်စီးနေသော မြို့များကို တည် ဆောက်ရန် ရန်ပုံငွေအသစ်တစ်ရပ်ကို တောင်းခံခဲ့ကြောင်း အီရတ်ရှိ ကုလ သမဂ္ဂအဆင့် (၂ ) အရာရှိ လိုက်စ်ဂရန်ဒီက ရိုက်တာသို့ပြောခဲ့သည်။

ယခုလမ်းကြောင်းအတိုင်း မြန်ဆန်ထိရောက်စွာ ဆက်လက်မသွားနိုင်ပါက အိုင်အက်စ်အကြမ်းဖက် ဆန့်ကျင်လှုပ်ရှားဆောင်ရွက်မှုများမှာ ဆုံးရှုံးမှုနှင့် ရင်ဆိုင်နိုင်ရကြောင်း ဂရန်ဒီကဆက်လက်ပြောကြားခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အီရတ်ရှိ အိုင်အက်စ်စစ်သွေးကြွများကို ဆက်လက်မောင်းထုတ်လျက်ရှိသော်လည်း စိုးရိမ်မှုအချို့မြင့်တက်လျက်ရှိ  အီရတ်ရှိ အိုင်အက်စ်စစ်သွေးကြွများကို ဆက်လက်မောင်းထုတ်လျက်ရှိသော်လည်း စိုးရိမ်မှုအချို့မြင့်တက်လျက်ရှိ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.