မုန်းတိုင်း တိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေသို့ခ


သဘာဝဘေးအန္တရာယ်လေပြင်း မုန်းတိုင်း တိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေသို့ခ

တောင်ကြီး ဧပြီ - ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းမွေတော်ကက္ကူ စေတီတော်များသည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်ကြည်ညို လျက်ရှိ သည့် နေရာတစ်ခုဖြစ်ရာ မွေတော် ကက္ကူစေတီတော် ဘုရားများသည် ဧပြီလ (၂၂) ည(၈)နာရီတွင် တစ်ကြိမ်၊ ည(၁၀)နာရီတွင် တစ်ကြိမ်၊ လေပြင်း မုန်းတိုင်းတိုက်ခတ် မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေပေါ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းမုန်းတိုင်းတိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော်ကက္ကူစေတီတော် ဘုရားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများတို့သည် စေတီတော် များ မြေကြီးပေါ်သို့ ကျရောက် နေမှုနှင့် ထီးတော်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ စေတီတော်ပတ်ဝန်းကျင်များကို ဂေါပကအဖွဲ့နှင့် ဒေသခံမိဘပြည်သူများတို့က သန့်ရှင်းရေးဆောင်ရွက် ရန်နှင့် ပျက်စီးစာရင်းများ ပြုစုထားရန် ထိခိုက် မှုမရှိစေရန် ဂရုပြုဆောင်ရွက်ရန် တို့ကို မှာကြား ခဲ့သည်။

ဆက်လက်၍ မွေတော်ကက္ကူစေတီတော် ဓမ္မရုံတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများတို့သည် တောင်ကြီးမြို့နယ် သံဃာ နာယက ဆရာတော်ထံ သြဝါဒခံယူရာ ဆရာတော်ကြီးမှ စေတီတော် ပတ်ဝန်းကျင် အနီးရှိ သန့်ရှင်းရေးများ ကို အမြန်ဆုံးဆောင်ရွက်ရန် မိန့်မှာကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် တာဝန်ရှိသူတို့ က ဆွေးနွေးရာ မူလလှူဒါန်းထားသော စေတီ ဒါကာများကို ဦးစားပေးဆက်သွယ်ဆောင်ရွက်ရန် စေတီတော် ပတ်ဝန်းကျင်းအဝင်ပေါက် များကို ခေတ္တပိတ်ထားပြီး၊ ဘုရားဖူးဧည့် သည်များကို ပြင်ပမှ ဖူးမြော်ရန်၊ ရှေးဟောင်း သမိုင်းဝင်ပစ္စည်း ပျောက်ပျက်မှုမရှိစေရန်နှင့် တပ်မတော်အင်အား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့နှင့် ဒေသရှိပအိုဝ်းလူငယ်များတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားကြသည်။

သဘာဝဘေးအန္တရာယ်လေပြင်းမုန်းတိုင်းတိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော်ကက္ကူစေတီတော် (၂၄၇၈)ဆူရှိရာ (၁၇၀၀)ဝန်းကျင်ခန့် ထီးတော်များ ပျက်စီးပြိုကျပြီး၊ အာသောက ဆုတောင်းပြည့် စေတီတော်မှာ ထက်ပိုင်းကျိုး၍ ပျက်စီးခြင်း၊ ဖောင်တော်ဆိုက်စေတီတော်မှာ ငှက်မျက်နားတော်၊ ထီးတော် ပြိုကျပျက်စီးခြင်း၊ မွေတော်ကက္ကူစေတီတော်ပတ်ဝန်းကျင်ရှိ အိမ်များပြိုခြင်း၊ အိမ်ခေါင်းမိုးများပြုတ်ထွက် လှန်သွားခြင်း၊ ဓါတ်မီးတိုင်းများ လဲကျခြင်း၊ Transformer များပျက်စီးခြင်း၊ စာသင်ကျောင်းအမိုးများ လှန်ခြင်း၊ ဖုန်းကြိုးနှင့် သစ်ပင်များ ကျိုးကျခြင်း၊ ကက္ကူဘုရားအနောက်ဘက်ရှိ ခေတ္တ နားနေ ဆောင်ပြိုကျ ခြင်း၊ စေတီ ရင်ပြင်မြောက်ဘက်ရှိ ဓမ္မရုံအာရုံခံအဆာက်အဦများ၊ ပျက်စီးပြိုကျလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မုန်းတိုင်း တိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေသို့ခ မုန်းတိုင်း တိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေသို့ခ Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.