ကံကောင်းခြင်းတွေ ယူဆောင်ဖို့ ဆံကေသာဖြတ်လှူ


အိန္ဒိယနိုင်ငံတောင်ပိုင်းက ဟိန္ဒူ ဘုရားကျောင်း နှစ်ခုကို လူတွေ နှစ်စဉ် သန်းနဲ့ချီ သွားရောက်ကာ ဆံကေသာတွေ ဖြတ်လှူလေ့ ရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လွတ်မြောက်ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာဖို့ပါဘဲ ။

အဲဒီအထဲမှာ ချန်နိုင်းပြည်နယ် ပါရမ်ဘာ ဆင်ခြေဖုံး အရပ်မှာ နေတဲ့ ဂိုပါလာ အမား ဆိုတဲ့ အမျိုးသမီးလည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။ ကျဘမ်း သန့်ရှင်းရေး အလုပ်လုပ်နေပေမယ့် ခင်ပွန်းသည်ကလည်း အလုပ်လက်မဲ့နဲ့ အရက်တွေ အရမ်းသောက် ၊ အကြီးဆုံး သားဖြစ်သူကလည်း စာမေးပွဲကျ ၊ သူတို့နေထိုင်ရာ အခန်းလေး ကိုလည်း ရောင်းချ ပေါင်နှံ လက်လွှတ် ရတော့မယ့် အခြေအနေမျိုးမှာ အခက်အခဲကြားက ရုန်းထွက်ပြီး ကံကောင်းခြင်းတွေ ဖြစ်လာဖို့ Tirutanni တီရက်တန်နီ ဘုရားကျောင်းမှာ ခေါင်းတုံးတုံးကာ သုံးပေနီးပါးရှိတဲ့ သူ့ဆံပင်ရှည်ကြီးကို ဖြတ်တောက် လှူဒါန်းလို့ ဟိန္ဒူ နတ်ဘုရား ဆီမှာ တိုင်တည်ခဲ့ပါတယ်။

ဘုရားကျောင်းက အဲဒီလို ရရှိတဲ့ ဆံပင်တွေကို ဆံပင်တု ထုတ်တဲ့ကုန်သည်တွေ ဆီိမှာ ပြန်ရောင်းပြီး ရရှိတဲ့ ငွေတွေကို လူမှု အကျိုးပြု လုပ်ငန်းတွေနဲ့ စာသင်ကျောင်းဆောက်တာ အပြင် ဘုရားကျောင်း ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပြန်သုံးတယ်လို့ သိရပါတယ်။ Tirupati တီရူပနီ ဘုရားကျောင်း ဆိုရင် နေ့စဉ် ဘုရားဖူး တသိန်းနီးပါး လာရောက်ပြီး အခုလို ဆံပင်အလှူကြောင့် ရတဲ့ငွေ တနှစ်ကို ဒေါ်လာ သုံးသန်းလောက် ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ကံကောင်းခြင်းတွေ ယူဆောင်ဖို့ ဆံကေသာဖြတ်လှူ  ကံကောင်းခြင်းတွေ ယူဆောင်ဖို့ ဆံကေသာဖြတ်လှူ Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.