ပုသိမ်-မုံရွာ အဝေးပြေးကားလမ်း မြိုင်မြို့အနီး၌ ဘုရားဖူးယာဉ်တိမ်းမှောက်


မြိုင် ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး မြိုင်မြို့ အမှတ်(၂၅)စက်ရုံအနီး မိုင်တိုင် အမှတ်(၃၉၇/၂ - ၃)အကြားတွင် ဧပြီ ၁၇ ရက် ညနေပိုင်းက ဘုရားဖူး ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့မှ ဦးကျော်ကျော် နိုင်(၄၄)နှစ် မောင်းနှင်လာသော YGN-----ယာဉ်သည် ပုဂံ-ပခုက္ကူမှ မြိုင်မြို့ ပုသိမ်-မုံရွာလမ်းအတိုင်း ပုသိမ်ဘက်သို့အသွား မြိုင်မြို့ အနီး အမှတ်(၂၅) စက်ရုံကွေ့တွင် တိမ်းမှောက်ရာ ယာဉ်ပေါ်ပါသူ ၁၄ ဦးအနက် ရှစ်ဦး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် မြိုင်ပြည်သူ့ဆေးရုံသို့ နိဗ္ဗာန်ရွှေပြည် လူမှုကူညီရေးအသင်း နှင့် မြို့မရဲစခန်းက ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိန်မြိုင်(မြိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပုသိမ်-မုံရွာ အဝေးပြေးကားလမ်း မြိုင်မြို့အနီး၌ ဘုရားဖူးယာဉ်တိမ်းမှောက်  ပုသိမ်-မုံရွာ အဝေးပြေးကားလမ်း မြိုင်မြို့အနီး၌ ဘုရားဖူးယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.