မြန်မာနိုင်ငံ မြို့ ကြီးများတွင် ဧပြီ ၂ရက်နေ့ နေ့ လည်ပိုင်းမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်နေ


Date 2April2016

မြန်မာနိုင်ငံ နေပြည်တော်နှင့်ပြည်နယ်နှင့် တိုင်း မြို့ ကြီးများတွင် .ယခုရက်ပိုင်းအတွင်း ဓာတ်အားလိုင်း များပြတ်တောက်မှု များ ဖြစ်ပေါ်နေကြောင်းသိရပါသည်။

ရာသီဥတုဆိုးရွားမှုကြောင့် ဟု သက်ဆိုင်ရာမှာ ထုတ်ပြန်ပြောဆိုခဲ့ပါသည်။

ရန်ကုန်မြို့ နယ်များတွင်လည်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်နေခဲ့ပြီး မိသားစုဝင်းများ အိမ်မှုကိစ္စနှင့် ရေမချိုးရခြင်း အခက်အခဲများ ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့  ခံများက ပြောပါသည်။

နေပြည်တော်တွင်လျှပ်စစ်အားလိုင်းများပြတ်တောက်နေသည်မှာ လေးနာရီအထိ ကြာမြင့် လာပြီဟု ဆိုပါသည်။

ရွှေလီ-မန်စံ ဓာတ်အားခွဲ စက်ရုံချို့ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်

ရှမ်းပြည် (မြောက်) 230kv ရွှေလီ _ မန်စံလိုင်း ရှိ ၄၀၀ MW ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ထားစဉ် ရာသီဥတုအခြေအနေ ဆိုးရွားမူကြောင့် ဓာတ်အားလိုင်းအပြစ် ဖြစ်ပွားခဲ့ပါသည်။ ဓာတ်အားအမြန်ဆုံးရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။ ဓာတ်အားပြတ်တောက်မူကြောင့်ပြည်သူများ၏ အခက်အခဲကို သိရှိနားလည်ပါကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဓာတ်အားသုံးစွဲသူပြည်သူများကိုလေးစားစွာဖြင့် အသိပေးပန်ကြား အပ်ပါသည်။

ရန်ကုန် မြို့နယ်အတွင်းရှိ ဆေးရုံကြီးနှင့် အခြားအရေးကြီး ရုံး ဌာနများ အား သာကေတ GT လှော်ကား GT တို့မှ အရေးပေါ်ဓာတ်အားလှည့်ပေးထားပြီး ကျန်မြို့နယ်များဓာတ်အားရရှိရေးဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
YESC-CallCenter
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
မြန်မာနိုင်ငံ မြို့ ကြီးများတွင် ဧပြီ ၂ရက်နေ့ နေ့ လည်ပိုင်းမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်နေ  မြန်မာနိုင်ငံ မြို့ ကြီးများတွင် ဧပြီ ၂ရက်နေ့ နေ့ လည်ပိုင်းမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်နေ Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.