မွေတော်ကက္ကူဘုရားများ ထီးတော်မြေခ

ကျောက်တစ်လုံးကြီးမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကက္ကူ ဘုရာများ ထီးတော်မြေခ

တောင်ကြီး ဧပြီ ၂၃

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲတွင် ဧပြီ ၂၂ ရက် ၂၀း၀၀ နာရီခန့်က မိုးသက် လေပြင်များ တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာရှိ ကက္ကူဘုရား ၂၄၇၈ ဆူရှိသည့် အနက် ၃ ပုံ ၂ ပုံခန့်ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကက္ကူဘုရား၊ ဖောင်တော်ဆိပ်စေတီမှာ ထီးတော်မြေခခြင်း၊ အရံစေတီများ ဖောင်းရစ်မှ ပြိုကျ၍ ထီးတော် မြေခခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

အလားတူ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အိမ် ၈၂ လုံးမှာ အမိုးလန်ပျက်စီးခဲ့ပြီး တောင်ကြီး မြို့နယ် သံတဲကျေးရွာအုပ်စုတွင် အိမ် ၄ လုံး၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စုတွင် အိမ် ၂ လုံး အမိုးလန် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မွေတော်ကက္ကူဘုရားများ ထီးတော်မြေခ  မွေတော်ကက္ကူဘုရားများ ထီးတော်မြေခ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.