(၆)ဘီးမော်တော်ယာဉ်တစ်စီး ဆိုင်ကယ်အားရှောင်ရာမှ အရှိန်လွန် တိမ်းမှောက်


မြစ်ကြီးနား၊ ဧပြီ(၂၈)

မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်၊ နယ်မြေ(၁)ရှိ နည်းပညာ တက္ကသိုလ် သွားလမ်းနှင့် ရွှေ လမ်းမကြီးလမ်းဆုံ တွင် ၂၈-၄-၂၀၁၆ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် ခန့်တွင် မြစ်ကြီးနားမှ တနိုင်းသို့သွားရောက် ရန် မောင်းနှင်လာသော ယာဉ်မောင်း ဦးငြိမ်းကြိုင်၏ ယူဒီကောင်တာ အမျိုးအစား၊ ကားနံပါတ် (၃ဂ/၁၉၂၃) (၆)ဘီးယာဉ်သည် ပမ္မတီးရပ်ကွက် မှ မြစ်ကြီး နားသို့ ရွှေလမ်းမကြီးအတိုင်း မောင်းနှင်လာသော ဆိုင်ကယ် အား ရှောင်တိမ်းလာမှ အရှိန်လွန်တိမ်းမှောက်ခဲ့သည်။

အဆိုပါမော်တော်ယာဉ် အရှိန်လွန်တိမ်းမှောက်မှုကြောင့် ကားအရှေ့တန်း ကျွတ်ထွက်ပြီး အင်ဂျင်ပြုတ်၊ ရှေ့ကားမှန်ပြုတ်ကာ ဘက္ကထရီ(၂)လုံး ပျက်စီးပြီး မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဆန်၊ ဘိလပ်မြေ အိတ်၊ သံပင်၊ အထပ်သား၊ အမဲဆီဗူး၊ ကြက်သွန်အိတ်၊ သွပ်၊ ကော်ဇော တို့ မြေပြင်ပေါ်သို့လွင့်စင်ကျခဲ့ပြီး စပယ်ရာ အဖြစ်လိုက်ပါခဲ့သူ ဦးမြင့်လွင် (၃၅)နှစ်၊ တနိုင်းမြို့နေသူသည် ဘယ်ခြေခုံညှပ်လျက်ရှိသည်ကို ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ၀ိုင်းဝန်းကူညီဆွဲထုတ်ကာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ ရန်ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

စိန်ဝင်း(iprd)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
(၆)ဘီးမော်တော်ယာဉ်တစ်စီး ဆိုင်ကယ်အားရှောင်ရာမှ အရှိန်လွန် တိမ်းမှောက်  (၆)ဘီးမော်တော်ယာဉ်တစ်စီး ဆိုင်ကယ်အားရှောင်ရာမှ အရှိန်လွန် တိမ်းမှောက် Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.