ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ မြင့်တက်


ခရမ်းလွန်ရောင်ခြည် ကျရောက်မှုအမြင့်ဆုံး အညွှန်းကိန်း များမှာ နေပြည်တော်တွင် (၈.၈)၊ ရန်ကုန်မြို့တွင် (၁၀.၁)နှင့် မန္တလေးမြို့တွင် (၈.၇)တို့ ဖြစ်ကြ ကြောင်း မိုးဇလထုတ်ပြန် သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

 နေ့အပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။

 ထူးခြားသည့် နေ့အပူချိန်များမှာ မကွေးမြို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် အောင်လံမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ တိုင်းထွာရရှိသည့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုအမြင့်ဆုံး အညွှန်းကိန်းများမှာ နေပြည်တော်တွင် (၈.၈)၊ ရန်ကုန်မြို့တွင် (၁၀.၁)နှင့် မန္တလေးမြို့တွင် (၈.၇)တို့ ဖြစ်ကြ ပါသည်။

by သစ်ထူးလွင်
ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ မြင့်တက်  ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ မြင့်တက် Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.