ရေငန်းရိပ်သာဟောင်း မီးလောင်မှု ဖြစ်ပွား


သံတောင် ဧပြီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်မြို့ ရွှေသံတောင် အပန်းဖြေ စခန်း အနီး ရေငန်းရိပ်သာဟောင်းသည် ဧပြီလ(၁၈) ရက်နေ့၊ ညနေ(၄)နာရီခွဲ အချိန်ခန့် က ဘေးပတ်လည် အမှိုက်များမီးလောင်ရာမှ ကူဆက် လောင် ကျွမ်းခဲ့ကြောင်း သိရသည်။


သံတောင်မြို့တွင် အထင်ကရဖြစ်သော ပသိချောင်းသို့ အခါကြီး ရက်ကြီးများနှင့် ရုံးပတ်ရက်များတွင် လာရောက် လည်ပတ် ကြသည့်အပြင် သင်္ကြန်ကာလ အတက်နေ့၊ နှစ်ဆန်း(၁)ရက်နေ့နှင့် နှစ်ဆန်း(၂)ရက်နေ့များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် အပန်းဖြေရေ ကစားကြ သူများ ချောင်း အပြည့်များပြာ လျှက်ရှိသည်။

အဆိုပါ ပသိချောင်းအား အမှီပြု ဖွင့်လှစ် ထားသော ရွှေသံတောင် အပန်းဖြေ စခန်းအနီး ရေငန်းရိပ်သာဟောင်းသည် အသုံးပြုပြုမှု နည်းပါးနေပြီး ဘေး ပတ်ပတ်လည် သစ်ရွက်ခြောက်အမှိုက်များအား အပန်းဖြေ သူများ၏ ဆေး လိပ်မီးမှတဆင့် ကူးဆက်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်းဖြစ် သည်။ မီးလောင်ရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် နေ ဒေသခံများ ၀ိုင်ဝန်း ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဘောဂလိ (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရေငန်းရိပ်သာဟောင်း မီးလောင်မှု ဖြစ်ပွား ရေငန်းရိပ်သာဟောင်း မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 15:04 Rating: 5
Powered by Blogger.