မော်တင်စွန်းဒေသက ဇီးချိုင် တံတားပျက်စီး

ပျက်စီးသွားတဲ့ ဇင်းချိုင်တံတား
ဧရာဝတီတိုင်း ငပုတော မြို့နယ် အတွင်း မော်တင်စွန်း ဒေသက ဇီးချိုင်တံတား ဧပြီလ ၁၈ ရက် သောကြာနေ့ မနက်က ကျိုးကျ ပျက်စီးသွား ခဲ့ပါတယ်။

မော်တင်စွန်းဒေသ မော်တင်နဲ့ မြွေတောင်လမ်းမှာ ရှိတဲ့ ဇင်းချိုင်ရွာ ထိပ်က တံတားဟာ ဆောက်ထားတာ ၂ နှစ်တောင် မပြည့်သေးဘူးလို့ ဇီးချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ပြောပါတယ်။

သောကြာနေ့ မနက်က အုတ်သယ်တဲ့ ကားကြီး တစ်စီး တံတားပေါ်ကနေ ဖြတ်သွားရာမှာ ပျက်စီးသွားတာလို့လည်း ဦးတင်လှိုင်က ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေနဲ့ ဒီတံတားကို အသုံးပြုသူတွေမှာ အခက် အခဲတွေ ဖြစ်နေတယ်လို့ လည်းသူက ပြောပါတယ်။

ရေကူးဆိပ် အဖြစ် အသုံးပြုတဲ့ ဇီးချိုင် ရွာကို မော်တင်ဘုရား ပွဲတော်ချိန်မှာ လူလာတာ များတဲ့ အပြင် ငွေဆောင်နဲ့ ချောင်းသာကို လာတဲ့ ဧည့်သည်တွေ ကလည်း အနီးအနား ဟိုတယ်တွေနေ လာရောက် ကြတယ်လို့ ဦးတင်လှိုင်က ပြောပါတယ်။

နိုင်ငံခြားသား ဧည့်သည် တွေလည်း လာလေ့ရှိတယ်လို့ ဆိုပါတယ်။

တံတားပျက်စီးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စည်ပင်သာယာရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန အပြင် ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးကိုပါ အကြောင်းကြား ထားတယ်လို့ ဇီးချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မော်တင်စွန်းဒေသက ဇီးချိုင် တံတားပျက်စီး  မော်တင်စွန်းဒေသက ဇီးချိုင် တံတားပျက်စီး Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.