အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် အရေးပါသည့် တာလီဘန် ခေါင်းဆောင်တစ်ဦးအပါအဝင် စစ်သွေးကြွ ၁၀ဦး ကို သုတ်သင်နိုင်ခဲ့

တာလီဘန် စစ်သွေးကြွများအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကဘူးလ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန် မြောက်ပိုင်း Kunduz ပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ စီးနင်းတိုက်ခိုက်မှုကြောင့် အရေးပါသည့် တာလီဘန် ခေါင်းဆောင်တစ်ဦးအပါအဝင် လက်နက်ကိုင် စစ်သွေးကြွ ၁၀ဦး သေဆုံးခဲ့ပြီး ၂၀ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဧပြီလ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရ တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၇ရက်တွင် Kunduz ပြည်နယ်၊ Chardara ဒေသ ရှိ တာလီဘန်စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများသို့ စီးနင်းတိုက်ခိုက်ခဲ့ရာ တာလီဘန် ခေါင်းဆောင် Qari Najib အပါအဝင် စစ်သွေးကြွ ၁၀ဦးသေဆုံးပြီး ၂၀ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြခဲ့သည်။

စစ်ဆင်ရေးများ ဆောင်ရွက်စဉ်အတွင်း ရွာအချို့ တာလီဘန်တို့၏ လက်အောက်မှ လွတ်မြောက်ခဲ့ကြ ကြောင်း သိရသည်။

အစိုးရဘက် မှ ကျဆုံးသွားသည့် လုံခြုံရေး တပ်ဖွဲ့ဝင် စာရင်းကို ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ ထုတ်ပြန်ချက် ၌ စစ်ဆင်ရေးများသည် Chardara နှင့် အနီးရှိ ဒေသများတွင် လုံခြုံရေးအခြေအနေတိုးတက် လာသည် အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း စစ်ဆင်ရေး နှင့် ပတ်သက်၍ တာလီဘန် များဘက် မှ မှတ်ချက် တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/world/41-africa-middle-east/4144-2016-04-28-11-27-27
အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် အရေးပါသည့် တာလီဘန် ခေါင်းဆောင်တစ်ဦးအပါအဝင် စစ်သွေးကြွ ၁၀ဦး ကို သုတ်သင်နိုင်ခဲ့  အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် အရေးပါသည့် တာလီဘန် ခေါင်းဆောင်တစ်ဦးအပါအဝင် စစ်သွေးကြွ ၁၀ဦး ကို သုတ်သင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.