ရေတွင်းထဲအမှိုက်ဆင်းဆယ်ရာမှ လူသေဆုံး


သထုံ ဧပြီ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် အောက်ကျင်းပိုင်းတွင် ဧပြီလ ၂၉ ရက် ညနေပိုင်းက ရေတွင်းထဲရှိ အမှိုက်များအား ဆင်းဆယ်ရာမှ လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ပုလဲ၏ နေအိမ်ခြံဝင်းအတွင်းရှိ အကျယ် (၄) ပေ၊ အနက် (၂၄) ပေခန့်ရှိသည့် ကွန်ကရစ်ခွေဖြင့် ပြုလုပ်ထားသော ရေတွင်းထဲ၌ အမှိုက်များရှိနေသဖြင့် ၎င်း၏ မောင် တော်စပ်သူ ဦးထွန်းအေး (ခ) ဖိုးချီး ၄၂နှစ် (ဘ) ဦးထွန်းခင်မှ ကြိုးဖြင့် တွင်းထဲဆင်း၍ အမှိုက်များ ဆယ်ပေးရာ အသက်ရှုမရကြောင်း အော်ဟစ်ပြောဆိုသဖြင့် အစ်မဖြစ်သူနှင့် ဦးထွန်းအေး၏ သားဖြစ်သူတို့မှ ကြိုးအား ဆွဲတင်ကူညီရာမှ ကြိုးပြတ်ကျပြီး ဦးထွန်းအေးမှာ ရေတွင်းထဲရှိ ရေအနက် ၂ ပေခန့်တွင် အောက်ဆီဂျင်ပြတ်ကာ သေဆုံးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထွန်းအေးမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် သိရှိရန် သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/ ၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြာင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရေတွင်းထဲအမှိုက်ဆင်းဆယ်ရာမှ လူသေဆုံး ရေတွင်းထဲအမှိုက်ဆင်းဆယ်ရာမှ လူသေဆုံး Reviewed by THITHTOOLWIN on 16:23 Rating: 5
Powered by Blogger.