အမေရိကန်ထဲကို တရားမ၀င်ခိုးသွင်းလာပြီး ကန်ဒေါ်လာ(၁)သန်းကျော်နဲ့ ရောင်းချဖို့ယူဆတဲ့ ပါကစ္စတန်နိုင်ငံပိုင်ဗုဒ္ဒခြေတော်ရာရှေးဟောင်း ပန်းပုလက်ရာ


အမေရိကန်ပြည်ထောင်စုထဲကို တရားမ၀င် ခိုးသွင်းလာခဲ့ပြီး အမေရိကန် ဒေါ်လာ(၁)သန်းကျော်နဲ့ ရောင်းချဖို့ ယူဆထားတဲ့ ပါကစ္စတန်နိုင်ငံပိုင် ဗုဒ္ဒခြေတော်ရာရှေးဟောင်း ပန်းပုလက်ရာကို အမေရိကန်အာဏာပိုင်တွေက ပါကစ္စတန်အစိုးရထံ ဗုဒ္ဒဟူးနေ့က ပြန်လည်ပေးအပ်ခဲ့တယ်လို့AP သတင်းမှာ ဖော်ပြထားပါတယ်။

(၂)ရာစုနှစ်က Buddhapada လို့ ခေါ်တွင်တဲ့ ဘုရားခြေတော်ရာ အစိတ်အပိုင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဗုဒ္ဒဘာသာ ထွန်းကားခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဒေသတစ်ခုက ပိုင်ဆိုင်ပြီး နယူးယောက်ပြည်နယ်ရှေ့နေတွေက ရှေးဟောင်း ဗုဒ္ဒခြေတော်ရာ အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အကြီးအကဲ Rizwan Saeed Sheikh ထံ ပြန်လည် လွှဲပြောင်းပေး အပ်ခဲ့တယ်လို့ဆိုပါတယ်။


 မစ္စတာ ရှိတ်ကတော့ အလေးချိန် ပေါင်(၅၀၀)ရှိ Buddhapada ဟာ အရေးပါတဲ့ ပါကစ္စတန်သမိုင်းဝင် ယဉ်ကျေးမှု လက်ရာတစ်ခုဖြစ်ပြီး ဒီရှေးဟောင်းဗုဒ္ဒခြေရာတော်ဟာ ပါကစ္စတန်နိုင်ငံ မှာ အစောပိုင်းကတည်းက ရှိနေကာ ပြတိုက်မှာ ပြသထားသင့်တယ် လို့ ပြောကြားခဲ့ပါတယ်။

 ရှေးဟောင်းပစ္စည်းရောင်းချတဲ့ ဂျပန်နိုင်ငံသား တစ်ဦးဟာ အဲ့ဒီဗုဒ္ဒခြေရာတော်ကို တိုကျိုမြို့တော်ကနေ အမေရိကန်နိုင်ငံ ထဲကို သင်္ဘောနဲ့သယ်ဆောင်လာခဲ့ပြီး ဒေါ်လာ(၁.၁) သန်းနဲ့ ပြတိုက် တစ်ခုကို ရောင်းချနိုင်ဖို့ မျှော်လင့်ထားခဲ့ကြောင်း ပြီးခဲ့တဲ့လက ၀န်ခံခဲ့ပြီးနောက် သူ့ကို အမေရိကန်ဒေါ်လာ (၅)ထောင် ဒဏ်ကြေးပေးဆောင်စေကာ အချုပ်ကျရက်တွေကို ထုတ်နှုတ်ခံစားခွင့်ပြု ပြီးနောက် ဂျပန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News
အမေရိကန်ထဲကို တရားမ၀င်ခိုးသွင်းလာပြီး ကန်ဒေါ်လာ(၁)သန်းကျော်နဲ့ ရောင်းချဖို့ယူဆတဲ့ ပါကစ္စတန်နိုင်ငံပိုင်ဗုဒ္ဒခြေတော်ရာရှေးဟောင်း ပန်းပုလက်ရာ  အမေရိကန်ထဲကို တရားမ၀င်ခိုးသွင်းလာပြီး ကန်ဒေါ်လာ(၁)သန်းကျော်နဲ့ ရောင်းချဖို့ယူဆတဲ့ ပါကစ္စတန်နိုင်ငံပိုင်ဗုဒ္ဒခြေတော်ရာရှေးဟောင်း ပန်းပုလက်ရာ Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.