ရေတွင်းဆယ်ရာမှ လူလေးဦးသေဆုံး


နွားထိုးကြီး ဧပြီ ၁၈

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းအပိုင် ဇီးကန်အုပ်စု မကျီးကုန်းကျေးရွာတွင် ရေတွင်းဆယ်ရာမှ လူငါးဦးပြုတ်ကျပြီး လေးဦးသေဆုံးသောဖြစ်စဉ်တစ်ခု ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာမှ အနက် ပေ ၃ဝ၊ အကျယ်သုံးပေရှိ အုတ်ရေ တွင်းကိုဆယ်ရန်အတွက် ဇော်ဦး(၂၆)နှစ်၊ နိုင်မိုး(၂၆)နှစ်၊ မြရွှေ(၃၃)နှစ်၊ မိုးလင်း(၂၉)နှစ်နှင့် သန်းရှိန်(၆၅)နှစ်တို့အနက် သန်းရှိန်၊ နိုင်မိုး၊ မိုးလင်းတို့က ရေတွင်းထဲသို့ဆင်းစဉ် ၁၅ ပေခန့်အရောက်တွင် ဓာတ်ဆီသုံး လက်ဆွဲရေစုပ် စက်နှင့် ရေထုတ်ရာ အင်ဂျင်မီးခိုးငွေ့ကြောင့် ပြုတ်ကျသည်ကိုကူညီရန် မြမွှေး နှင့် ဇော်ဦးတို့က ကယ်ဆယ်ရာ ထပ်မံပြုတ်ကျခဲ့ကြောင်း၊ ထို့ကြောင့် ကျေးရွာမှ နောက်ထပ်အင်အား ၁၅ ဦးခန့်ဖြင့် ဝိုင်းဝန်းဆယ်ယူရာ မိုးလင်းကိုသာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ပြီး ကျန်လေးဦးမှာသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကန်နားရဲစခန်းက စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(ဌေးမြင့်မောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ရေတွင်းဆယ်ရာမှ လူလေးဦးသေဆုံး  ရေတွင်းဆယ်ရာမှ လူလေးဦးသေဆုံး Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.