အစိုးရသစ်လက်ထက် တစ်ပတ်အတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်မြင့်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရ သစ် တာဝန်ယူပြီး တစ်ပတ် အတွင်းမှာပဲ ဒေါ်လာနဲ့ လဲလှယ်ရာမှာ မြန်မာ ကျပ်ငွေ တန်ဖိုး ဆက်တိုက်မြင့်တက် အားကောင်း လာပါတယ်။

တစ်ဒေါ်လာ ကို မြန်မာငွေ ၁၂၀ဝကျပ် အထက်မှာ ရှိနေတဲ့ငွေလဲနှုန်းဟာ ၁,၁၇၀ ကျပ် အထိ ကျဆင်းလာခဲ့တာ ဖြစ်လို့ ဒါဟာ တစ်ပတ်အတွင်း မြန်မာကျပ် ငွေတန်ဖိုး ၂ ရာခိုင်နှုန်းကျော် မြင့် တက် သွားတာပါ။

ဒီအခြေအနေဟာ ပြည်တွင်းက ပို့ကုန်လုပ်ငန်း ရှင်တွေ အတွက် အခက်အခဲ ဖြစ်စေပြီး၊ အထူးသဖြင့် မတ်ပဲထွက်တဲ့ အခုလို ရာသီမှာ ပဲဈေးကွက်ကို ရိုက်ခိုက်မှူတွေ ရှိလာမှာကို ကုန်သည်တွေ စိုးရိမ် နေကြပါတယ်။

ဒါ့အပြင် ဟိုတယ် လုပ်ငန်း အပါအဝင် ဒေါ်လာကို အခြေခံပြီး လုပ်တဲ့ အရောင်း အဝယ်တွေမှာလည်း အိုးနင်းခွက်နင်း ဖြစ်ခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် ကိုတင်အောင်ကျော် က အပြည့်အစုံ သတင်းပို့ ထားတာကို အောက်က လင့်မှာ နားထောင် နိုင်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

 
အစိုးရသစ်လက်ထက် တစ်ပတ်အတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်မြင့်  အစိုးရသစ်လက်ထက် တစ်ပတ်အတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်မြင့် Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.