ဗန်းမောက်မြို့နယ် ဇလုံတောင်တက်လမ်းတွင် စက်ရပ်လိမ့်ကျ၍ ဘုရားဖူး ခရီးသည်ရှစ်ဦး ဒဏ်ရာရ


ဗန်းမောက် ဧပြီ ၁၂

ကသာခရိုင် ဗန်းမောက်မြို့နယ် ဇလုံတောင်တက်လမ်းတွင် ဧပြီ ၁၁ ရက် ၇ နာရီခွဲခန့်တွင် ယာဉ်တစ်စီးစက်ရပ်ကာ တောင်နံရံကို ပွတ်တိုက်ဆွဲမိပြီး လိမ့်ကျမှုဖြစ်ပွားရာ ဘုရားဖူးခရီးသည် ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗန်းမောက်မြို့နှင့် မိုင်တိုင် (အမှတ် ၉/၁ဝ)ကြားတွင် ဇလုံတောင်ပေါ်သို့ အမငအသည ၄ထ၄ ယာဉ်သည် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၃ ဦးဖြင့် ဘုရားဖူး လာရောက်ရာမှ စက်ရပ်လိမ့်ကျခဲ့ခြင်းဖြစ်သည်။

 အခင်း ဖြစ်ပွားရာသို့ ဗန်းမောက်မြို့နယ် ဒုရဲမှူး ဦးခင်မောင်ဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များ သွားရောက်ခဲ့သည်။

ဒဏ်ရာရသူများအား ဗန်းမောက်ဆေးရုံသို့ ဆေးကုသခံယူရန် ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်မောင်း ဖိုးမဲ(ခ)မျိုးနိုင် (၂ဝ နှစ်) လွှစင်ကုန်းရပ်ကွက် ဗန်းမောက်မြို့နေသူကို ဗန်းမောက်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ငွေအိုး(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဗန်းမောက်မြို့နယ် ဇလုံတောင်တက်လမ်းတွင် စက်ရပ်လိမ့်ကျ၍ ဘုရားဖူး ခရီးသည်ရှစ်ဦး ဒဏ်ရာရ  ဗန်းမောက်မြို့နယ် ဇလုံတောင်တက်လမ်းတွင် စက်ရပ်လိမ့်ကျ၍ ဘုရားဖူး ခရီးသည်ရှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.