အင်းစိန်အကျဉ်းထောင်မှ နော်အုံးလှနှင့် ကိုနေမျိးဇင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၆ဦး လွတ်မြောက်


ရန်ကုန် ဧပြီ ၁၇
ယနေ့(ဧပြီ ၁၇ )ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ဒေါ်နော်အုံးလှနှင့်ကိုနေမျိးဇင်တို့ အပါအဝင်နိုင်ငံ ရေးအကျဉ်းသား ၁၆ဦးကို ဧပြီ၁၇ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

 အဆိုပါ နိုင်ငံရေး အကျဉ်းသားများတွင် အမျိုးသား၁၁ဦး အမျိုးသမီး၅ဦး ပါဝင်ပြီး နံနက်၇နာရီခွဲခန့်တွင် လွတ်မြောက်ခွင့်ပေးခဲ့ရာ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်ကြိုဆိုကျသူများက စောင့်ကြိုခဲ့ကြသည်။


 ''အခုလိုလွတ်မြောက်တဲ့အပေါ်အရင်ဆုံးကျေးဇူးတင်ရမှာက ပြည်သူတွေပါ။ ပြည်သူတွေက တင်မြောက်ခဲ့တဲ့အစိုးရသစ်ကြောင့် လွတ်မြောက်လာတာပါ ကျွှန်တော်ပြစ်ဒဏ်ချခံရတာ ကနှစ်နှစ်ပါ။ အခုတစ်နှစ်နဲ့နှစ်လမှာ လွတ်မြောက်လာတာပါ ''ဟု အလုပ်သမားအရေး ဆောင်ရွက်မူကြောင့် အကျဉ်းကျခံခဲ့ရသည် ကိုသူဇော်ကြည်ဝင်းကပြောကြားသည်။

''ပြောင်းလဲချိန်ရောက်ပြီဆိုတာ ဒါကိုပြောတာပါ ကျွှန်တော်တို့ အခုလိုလွတ်မြောက်လာတဲ့အပေါ်အစိုးရသစ်အပေါ်အလွန်ကျေးဇူးတင်ပါတယ် နိုင်ငံအတွက် ကျွှန်တော်တို့ဘက်ကလည်း အရပ်သားအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှာပါ ''ဟုကိုနေမျိးဇင်ကဆိုသည်။


အင်းစိန်အကျဉ်းထောင်အတွင်းတွင် ကဗျာဆရာမောင်ဆောင်းခနှင့် ကြက်ဖကြီးဟု စွပ်စွဲခံရသူတို့ကျန်ရှိနေသေး ကြောင်း နှင့်၎င်းတို့နှင့် ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများကိုလည်း လွတ်မြောက်ခွင့် ပေးစေလိုကြောင်းလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးက တညီတညွှတ်ထဲ တောင်းဆိုခဲ့ကြသည်။


အင်းစိန်ထောင်မှ ပြန်လွတ်ခဲ့သူ ၁၆ ဦးစာရင်းအင်းစိန်ထောင်မှ ပြန်လွတ်ခဲ့သူများမှာ(၁)ကိုသန်းဆွေ (၂) ကိုနေမျိုးဇင်(၃) ကိုထင်ကျော် (၄) ကိုတင်ထွဋ်ပိုင် (၅) ဒေါ်နော်အုန်းလှ(၆)ကိုသူဇော်ကြည်ဝင်း(၇)ကိုနိုင်ဇော်ကြည်ဝင်း(၈)ဒေါ်လေးလေး (၉)ဒေါ်စိန်ထွေး (၁၀) ကိုနိုင်ဌေးလွင် (၁၁)ဒေါက်တာ မြတ်နုခိုင်(၁၂) ကိုမျိုးမင်းမင်း (၁၃) မသန်းသန်းမော်(၁၄) ကိုဇော်မျိုးညွန့် ၁၅) ဗိုလ်ကြီး နေလင်းဒွေး(လေတပ်)(၁၆) ဗိုလ်ကြီး ချစ်ကိုကို(လေတပ်)တို့ပါဝင်ကြောင်းသိရသည်။

ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm
အင်းစိန်အကျဉ်းထောင်မှ နော်အုံးလှနှင့် ကိုနေမျိးဇင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၆ဦး လွတ်မြောက်  အင်းစိန်အကျဉ်းထောင်မှ နော်အုံးလှနှင့် ကိုနေမျိးဇင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၆ဦး လွတ်မြောက် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.