ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်များ ဝန်ကြီး ဦးအုန်းဝင်း စစ်ဆေးမည်

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ကချင်ပြည်နယ်က ဖားကန့်ကျောက်စိမ်းတွင်းတွေနဲ့ မိုးညှင်းမြို့နယ်ထဲက ရွှေတူးဖော်ရေး လုပ်ကွက်တွေကို သွားရောက်စစ်ဆေး ဖို့ရှိပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖြန် ဖားကန့်ဖက်ကိုသွားမယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးH လအောင်က ပြောပါတယ်။

"ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နဲ့တွေ့မယ်၊ ဖားကန့်ဘက်မှာ မနက်ဖြန်မှာ၊ သန်ဘက်ခါ မိုးညှင်းဘက် ပြန်ဆင်းမယ်၊ မှော်တွေကို ကြည့်ရှု့ပြီးတော့  ပြန်လာမယ် အဲ့ဒါပါပဲ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ သဘာဝပတ်ဝန်းကျင်တွေတင်ပြဖို့ ရှိပါတယ်၊ ဖားကန့်ဒေသဘက်တွေကို သွားမှာပေါ့လေ"

ဦးအုန်းဝင်းဟာ ဧပြီလ ၂၉ ရက်ကနေ မေလ ၁ ရက် နေ့အထိ ၃ ရက်ကြာခရီးစဉ်မှာ မြစ်ကြီးနား၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေက မိုင်းတွင်းလုပ်ကွက်တွေမှာ သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စတွေကို အဓိကစစ်ဆေး မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေ စာပုံကိစ္စတွေကို ပြည်ထောင်စုဝန်ကြီးထံ တင်ပြသွားမယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတွေက ပြည်ထောင်စုအစိုးရအနေနဲ့ ဖားကန့်မြို့နယ်က စည်းကမ်းဖောက်ဖျက်တဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို စစ်ဆေးဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက တောင်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ