ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်သူ ၆ ဦး၏ အမှုကို မနက်ဖြန် စီရင်ချက်ချမည်

(ဓာတ်ပုံ- AA ဟု ဆိုကာ ကျောက်တော်တွင်သာမက စစ်တွေတွင်လည်း တရားစွဲခံထားရသူ တစ်ဆယ်ကျော်ရှိသည်။ ဤဓာတ်ပုံမှာ စစ်တွေမှ ဖမ်းဆီးခံထားရသူများကို ရုံးထုတ်လာသည့် မြင်ကွင်း ဖြစ်ပါသည်။)
နိရဉ္စရာ၊ ဧပြီ ၃

ကျောက်တော်မြို့နယ် တရားရုံးမှ လူပေါင်း ၃၀ ကျော်ကို ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်ပတ်သက်မှု ရှိသည်ဟုဆိုကာ တစ်သုတ်ပြီး တစ်သုတ် ထောင်ချနေရာ ဧပြီလ ၄ ရက် (မနက်ဖြန်) တွင် နောက်ထပ် ခြောက်ဦး၏ အမှုကို စီရင်ဆုံးဖြတ်မည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုကျော်လှမြင့်က ပြောသည်။

၎င်းတို့ (၆) ဦးမှာ…………

၁။မောင်ရွှေသီး(ဘ)ဦးပန်းအောင်ဖြူ၊ စံကိုးထောင်ရွာ၊ ဘူးသီးတောင်မြို့ နယ်။
၂။မောင်ရွှေလုံး(ကျောင်းဆရာ)(ဘ) ဦးရွှေစောမောင် ၊ မြစ်နားရွာ (ငစရိုင်းချောင်း)၊ မင်ပြားမြို့နယ်။
၃။ကိုစံမောင်သာ (ဘ)ဦးအောင်စံဘော်၊ လင့်ဇင်ရွာသစ်၊ ကျောက်တော်မြို့ နယ်။
၎။စံအေးမောင် (ဘ)ဦးမောင်အေးသိန်း၊ မြို့ သစ် ရပ်ကွက်၊ ကျောက်တော်မြို့ ။
၅။ညီညီလှိုင် (ဘ)ဦးသာဒိုး၊ ရှမ်းရွာရပ်ကွက်၊ ကျောက်တော်မြို့ ။
၆။ဇင်မျိုးအောင် (ဘ)ဦးင/လုံးချေ၊ ဇင်ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့တို့ ဖြစ်ကြသည်။

သူတို့အား မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)/ ၁၇ (၂) တို့ဖြင့် တရားစွဲဆို ထားသည်ဟု ကိုကျော်လှမြင့်က နိရဉ္စရာသို့ ပြောသည်။

“ဟုတ်ပါတယ်။ ဧပြီလ ၄ ရက်နေ့မှာ ၆ ဦးကို အပြီးသတ်အမိန့် ချမှတ်မယ်။ ကျန်တဲ့ ၆ ဦးကိုတော့၆ ရက်နေ့ မှ အမိန့် ချမယ် လို့ သိရပါတယ်။ နောက်ဆုံး ရောက်လာတဲ့ တစ်ယောက်ကိုတော့ ဧပြီ ၅ ရက်နေ့ မှာ စတင် တရားစွဲတင်မယ်လို့ သိရပါတယ်"ဟု သူက ပြောသည်။

ဧပြီလ ၅ ရက်နေ့ စတင် တရားစွဲခံရမည့် သူမှာ ကိုမောင်ဘိုသန်းဖြစ်ပြီး သူအား စစ်တပ်မှ ၂၀၁၆ ဇန်နဝါရီလ ၂၈ ရက်နေ့ က ဖမ်းဆီးကာ မတ်လ ၂၂ ရက်နေ့ က မှ ကျောက်တော် ရဲစခန်းသို့ လွဲပြောင်း ပေးအပ်ခဲ့သည်။

"ဧပြီလ ၄ ရက်နေ့ မှာတော့ ၆ ဦးကို တရားရုံးထုတ်ဖို့ ရှိပါတယ်။ အပြီးသတ် အမိန့် ချမှာကိုတော့ ကျွန်တော်တို့  အတည်ပြုပြောလို့ မရပါဘူး။ အမိန့် ချတာကတော့ တရားသူကြီးနဲ့ပဲ ဆိုင်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ဧပြီ ၆ ရက်နေ့  ရုံးထုတ်မှာပါ” ဟု ကျောက်တော်ရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက နိရဉ္စရာသို့  အတည်ပြု ပြောသည်။

ကောင်းမြတ်နိုင် (မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews
ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်သူ ၆ ဦး၏ အမှုကို မနက်ဖြန် စီရင်ချက်ချမည်  ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်သူ ၆ ဦး၏ အမှုကို မနက်ဖြန် စီရင်ချက်ချမည် Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.