AD ဗင် ပက်လက်လန်တိမ်းမှောက်ကာ ယာဉ်မောင်းဒဏ်ရာရရှိ


မြင်းမူ ဧပြီ ၈

မြင်းမူမြို့ အလ္လကပ္ပရွာနှင့် ဝမ်းပြည့် ရွာအကြားတွင် ဧပြီ ၇ ရက် ညနေ ပိုင်းက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုံရွာမှ မန္တလေးသို့ အမရပူရမြို့နယ် စာတိုက်တန်းရပ်နေ ဦးမောင်မောင် (၆၂)နှစ် မောင်းနှင် လာသည့် YGN/---- AD ဗင် မီးခိုးရောင်ယာဉ်သည် အလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာအကြား မန္တလေး-မြင်းမူ-မုံရွာကားလမ်း မိုင်တိုင်(၅၁/၃-၄)ကြားအရောက် ရှေ့ဝဲဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဦးမောင်မောင်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမောင်မောင်အား မြင်းမူမြို့မရဲစခန်းက အမှု ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
AD ဗင် ပက်လက်လန်တိမ်းမှောက်ကာ ယာဉ်မောင်းဒဏ်ရာရရှိ AD ဗင် ပက်လက်လန်တိမ်းမှောက်ကာ ယာဉ်မောင်းဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 06:50 Rating: 5
Powered by Blogger.