ကျောက်တော်မြို့နယ် အတွင်း ဝင်ရောက် လှုပ်ရှားလာသည့် AA သောင်းကျန်း သူများကို တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိ

နေပြည်တော် ဧပြီ ၁၈

တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း AA သောင်း ကျန်းသူ အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ မတ်လနှင့် ဒီဇင်ဘာလတွင် ၁ ကြိမ်စီ၊ မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ်(၆၈)နှင့် (၇၁)အကြားမှ တစ်ဆင့် ပလက်ဝ၊ ကျောက်တော်နယ်မြေ များတွင် အခြေခံနယ်မြေတည်ဆောက်ရန် ဝင်ရောက်လာခဲ့သဖြင့် တပ်မတော် စစ်ကြောင်း များက ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်းခဲ့ရာ သောင်းကျန်း သူများသည် တစ်ဖက်နိုင်ငံ အတွင်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ယခုနှစ်၊ သင်္ကြန်ကာလမတိုင်မီ ဧပြီပထမပတ်အတွင်း AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်သည် လက်နက် ကိုယ်စီဖြင့် ရခိုင်ပြည်နယ်အတွင်း သင်္ကြန် ရေ ကစားပွဲတော်ကာလကို အခွင့်ကောင်းယူ၍ ပြည် သူများ အေးချမ်း
ပျော်ရွှင်စွာ ရေကစားခြင်းအား နှောင့်ယှက်ပြီး အထိတ် တလန့် ဖြစ်စေရန်
ဖောက်ခွဲခြင်း၊ မြို့/ရွာ၊ တပ်စခန်းများကို နှောင့်ယှက် ပစ်ခတ်ခြင်းစသည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် ကျောက်တော်မြို့နယ်၊ လောရမတောင် နယ်မြေ တစ်ဝိုက်သို့ စိမ့်ဝင်လှုပ်ရှားလာခဲ့ကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခဲ့ရာ ဧပြီ ၁၆ ရက်တွင် အင်အားနှင့်
ခေါင်းဆောင် စိစစ်ဆဲ AA သောင်းကျန်းသူ ၂ ဖွဲ့ဖြင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား ခဲ့ပြီး သောင်းကျန်းသူများသည် အဖွဲ့ငယ်များအဖြစ် ပြန့်ကွဲကာ ဆုတ်ခွာ ထွက်ပြေးလျက်ရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များတွင် AA သောင်းကျန်းသူအဖွဲ့ထံမှ ဆက် သွယ်ရေးမြောင်း များနှင့် ပစ်ကျင်းများဖြင့် တူးဖော်ပြု လုပ်ထားသည့် ယာယီအခြေပြုနေရာများကို သိမ်းပိုက်ရရှိခဲ့ကာ လူနေတဲများ၊ ဒေသန္တရ လက်လုပ်မိုင်းနှင့် ဆက်စပ် ပစ္စည်းများ၊ ချပ်ဝတ်တန်ဆာများ၊ အခြား အသုံးအဆောင် ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်း ရမိခဲ့ကြောင်း တိုက်ပွဲဖြစ်စဉ် များတွင် AA သောင်းကျန်းသူ တစ်ဖွဲ့က ရွာသားများ အသွင်ယူပြီး ချောင်းမြောင်း၍ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းများ ရှိခဲ့ကြောင်း သိရသည်။

AA သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့ အပြောင်း အလဲကာ လနှင့် အများပြည်သူရုံးပိတ်ရက် သင်္ကြန်ကာလကို အလစ်အငိုက်ရယူကာ ဝင်ရောက် လှုပ်ရှားခဲ့ခြင်း ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေး ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် တပ်မတော် အနေဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိသော AA သောင်းကျန်းသူများကို အပြီးတိုင် ချေမှုန်းနိုင်ရေး ဆက်လက် နယ်မြေ ရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်တော်မြို့နယ် အတွင်း ဝင်ရောက် လှုပ်ရှားလာသည့် AA သောင်းကျန်း သူများကို တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိ  ကျောက်တော်မြို့နယ် အတွင်း ဝင်ရောက် လှုပ်ရှားလာသည့် AA သောင်းကျန်း သူများကို တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိ Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.