ရခိုင်ပြည်နယ်တိုင်ပွဲတွင် (AA) ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်နေဟု (DKBA) တပ်မှူးပြောကြား


ဧပြီ - ၃၀ - ၂၀၁၆

ရခိုင်ပြည်နယ်ဘက်တွင်ဖြစ်ပွားနေသည့်တိုက်က်ပွဲတွင် (DKBA) တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု ဗိုလ်မှူးကြီးအဆင့်ရှိ စောဆန်းအောင်က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

၎င်းက ' ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ (AA) တပ်ဖွဲ့ဝင်တွေက ကျနော်တို့ဘက်ကနေ ပူးပေါင်းပါဝင်ခဲ့သလို ကျနော်တို့တပ်ဖွဲ့ဝင်တွေကလည်း ဘ၀တူတိုင်းရင်းသားတွေအတွက် ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်တယ် " ဟု ကရင်အမျိုးသား မီဒီယာ ကို ယနေ့တွင် အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်သည်တော်များအချင်းချင်း တိုက်နေကြသည့် တိုက်ပွဲဖြစ်သောကြောင့် အရပ်သားများ ထိလိုက်စေမည့်လုပ်ရပ်များကို လုပ်ဆောင်မည်မဟုတ်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

(DKBA) နှင့် (AA) တပ်ဖွဲ့ဝင်များသည် ယခင်ကလည်း နယ်စပ်ဒေသများတွင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ (facebook)


ရခိုင်ပြည်နယ်တိုင်ပွဲတွင် (AA) ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်နေဟု (DKBA) တပ်မှူးပြောကြား  ရခိုင်ပြည်နယ်တိုင်ပွဲတွင် (AA) ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်နေဟု (DKBA) တပ်မှူးပြောကြား Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.