မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး လူထုပါဝင်ကူညီဖို့ 3MDG တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးစဉ်။ Photo: Aung Thain Kha/RFA
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေအကြား အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်နှုန်း ၂၈.၅ ရာခိုင်နှုန်းအထိ မြင့် တက်လာတဲ့အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေမှာ ပြည်သူလူထု ပါဝင်ကူညီကြဖို့ 3MDG လို့ခေါ်တဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ၃ မျိုး ရန်ပုံငွေအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းအများဆုံးထွက်တဲ့ ဒေသတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ အိတ်ခ်ျအိုင်ဗီ ဖြစ်ပွားနှုန်းဟာ နိုင်ငံရဲ့ ပျမ်းမျှဖြစ်ပွားနှုန်းထက် ပိုမိုမြင့်မားနေတယ်လို့လည်း 3MDG အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

3MDG ရန်ပုံငွေအဖွဲ့အနေနဲ့ မြို့နယ် ၃၃ မြို့နယ်မှာ အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အမေရိ ကန်ဒေါ်လာ ၃၀.၅ သန်း ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ အိပ်ခ်ျအိုဗီ၊ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် 3MDG အဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွတ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရန်ပုံငွေတွေ ထည့်ဝင်ကူညီထား ပါတယ်။ အဲ့ဒီအဖွဲ့ဟာ ကလေးသေဆုံးမှုနှုန်း လျှော့ချရေးနဲ့ မိခင်တွေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်ရေးလုပ်ငန်းတွေကိုပါ ကူညီဆောင်ရွက်ပေးနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ