မိဘပြည်သူအားလုံးအတွက် Yangon Waterboom အား စတင်ဖွင့်လှစ်ပေးခဲ့ချိန်တွင် Yangon Waterboom ၏ Water Treatment System အကောင်းဆုံး မလုပ်ဆောင်နိုင်သေးသည့် နည်းပညာပိုင်းဆိုင်ရာနှင့် Operation ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ယမန်နေ့က လာရောက် ပျော်ပါးခဲ့ကြသော မိဘပြည်သူများအားလုံး တွေ့ကြုံခံစားရသည့်အတွက် စိတ်မကောင်းဖြစ်မိပါသည်။
ဘက်ပေါင်းစုံမှ တွေးဆချင့်ချိန်ပြီးနောက် Management အဖွဲ့မှ Yangon Waterboom အား တစ်စုံတစ်ရာ ပြန်လည် ကြေငြာခြင်းမရှိမီ အချိန်ထိ ခေတ္တ ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
အဆင်မပြေခဲ့သည်များအားလုံးအတွက် Yangon Waterboom မှ အနူးအညွတ် တောင်းပန်ပါသည်။ Yangon Waterboomers တို့၏ နားလည်ပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် Yangon Waterboom မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
(Yangon Waterboom Facebook)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နည်းစနစ်ချို့ယွင်းမှုကြောင့် Yangon Waterboom ရေကမ္ဘာဥယျာဉ် အကန့်အသတ်မရှိ ပိတ်
Reviewed by THITHTOOLWIN
on
19:18
Rating: