ကိုယ်ဝန်ဖျက်ချပေးတဲ့ လူကို အပြစ်ပေးသင့်လို့ Trump ဆို

ရီပါပလေကန် ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ သူဌေးကြီး Donald Trump (Credit: AFP) 
အမေရိကန် ​သမ္မတလောင်း ​ရွေးချယ်ပွဲမှာ ​ရီပါပလေကန် ​ပါတီဘက်ကနေ ​ဝင်ပြိုင်တဲ့ ​Donald ​Trump ​က ​ကိုယ်ဝန်ဖျက်ချတဲ့ ​အမျိုးသမီးတွေကို ​အပြစ်ပေးသင့်တယ်လို့ ​ပြောဆိုခဲ့ပေမယ့် ​အခုအခါမှာတော့ ​ကိုယ်ဝန် ​ဖျက်ချပေးခဲ့တဲ့ ​လူကို ​အပြစ်ပေးသင့်တယ်လို့ ​ပြန်ပြောင်း ​ပြောဆိုလိုက်ပါတယ်။

MSNBC ​သတင်းဌာနက ​ထုတ်လွှင့်တဲ့ ​အင်တာဗျူးမှာ ​အမေရိကန်နိုင်ငံမှာ ​ကိုယ်ဝန်ဖျက်ချတာကို ​တရားမဝင်ဘူးလို့ ​သတ်မှတ်ရင် ​ဘာဖြစ်သင့်သလဲလို့ ​မေးခဲ့ပါတယ်။

အဲဒီမှာ ​Donald ​Trump ​က ​အပြစ်ပေး ​အရေးယူတာ ​လုပ်ရမယ်လို့ ​ပြောပါတယ်။ ​ကိုယ်ဝန်ဖျက်ချတဲ့ ​အမျိုးသမီးကို ​ပြောတာလားလို့ ​မေးရာမှာတော့ ​ဟုတ်တယ် ​အမျိုးသမီးကို ​ပြောတာလို့ ​ဖြေကြားခဲ့ပါတယ်။

Donald ​Trump ​ရဲ့ ​ပြောဆိုမှုကြောင့် ​ဝေဖန် ​ကဲ့ရဲ့မှုတွေ ​များတဲ့အပြင် ​သမ္မတလောင်း ​ပြိုင်ဘက်တွေကလည်း ​သူ့ကို ​ထိုးနှက်ခဲ့ကြပါတယ်။

အဲဒီလို ​ဖြစ်ပေါ်ပြီးနောက် ​Donald ​Trump ​က ​အမျိုးသမီးကို ​အပြစ်ပေးဖို့ ​မသင့်ပဲ ​ကိုယ်ဝန်ဖျက်ချပေးတဲ့ ​ဆရာဝန်ကို ​အပြစ်ပေးသင့်ကြောင်းနဲ့ ​ဒီကိစ္စဟာ ​ပြည်နယ် ​အစိုးရနဲ့သာ ​ဆိုင်တယ်လို့ ​ပြန်ပြောင်း ​ပြောဆိုခဲ့ပါတယ်။

တချို့နိုင်ငံရေး ​သမားတွေကတော့ ​မုဒိမ်းကျင့် ​ခံရ ​ရာကနေ ​ကိုယ်ဝန်ရသွားတဲ့ ​အမျိုးသမီးတွေကလွဲရင် ​တခြား ​အမျိုးသမီးတွေ ​ကိုယ်ဝန်ဖျက်ချတာမျိုး ​မလုပ်သင့်ဘူးလို့ ​ပြောဆိုလိုက်ပါတယ်။

အမေရိကန် ​နိုင်ငံမှာ ​၁၉၇၃ ​ခုနှစ် ​ကတည်းက ​တရားဝင် ​ကိုယ်ဝန် ​ဖျက်ချခွင့်ပြုထားပေမယ့် ​ပြည်နယ်အလိုက် ​ကန့်သတ်မှုတွေ ​ရှိတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကိုယ်ဝန်ဖျက်ချပေးတဲ့ လူကို အပြစ်ပေးသင့်လို့ Trump ဆို  ကိုယ်ဝန်ဖျက်ချပေးတဲ့ လူကို အပြစ်ပေးသင့်လို့ Trump ဆို Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.