TNLA ကို တပ်မတော်က ထိုးစစ်ဆင် လေယာဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်


မတ် ၁၀ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ခရိုင်အတွင်း မြန်မာ့ တပ်မတော်က တ အာင်း အမျိုး သား လွတ်မြောက် ရေး တပ်မတော် TNLA ကို ထိုးစစ် ဆင် တိုက်ခိုက်ရာ မတ်လဆန်းပိုင်းမှ စ၍ ယနေ့အထိတိုက်ပွဲကြီး ၁၅ ကြိမ်ဖြစ် ပွားပြီး တိုက်ဂျတ်လေ ယာဉ် ၊ တိုက်ပွဲဝင်ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် တိုက်ခိုက် ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရ တပ်မတော်မှ တပ်မ အင်အား ၇ ခု၊ ကွပ်ကဲရေးတပ် ၇ ခု အင်အား ထောင်ဂဏန်းဖြည့်တင်းလှုပ်ရှားမှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာသည်။

ကျောက်မဲခရိုင်အတွင်းရှိ TNLA တပ် ခြေကုတ်ထားရာ တောင်ကုန်းအား အစိုးရတပ်မတော် မှ တိုက် လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည် ဟု ဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ၃ ကြိမ်၊ မတ်လ ၈ ရက်တွင် ၄ ကြိမ်၊ မတ်လ ၆ ရက်တွင် ၄ ကြိမ်၊ မတ ၁ ရက်မှစ၍ တိုက်လေယာဉ်ဖြင့်သုံးကြိမ်အပြင် အခြားေ သာရက်တွင်လည်းတိုက်ပွဲများ ဖြစ်ပွားသေးကြောင်း TNLA ပြန် ကြားရေး ဌာန က ထုတ်ပြန်ထားသည်။

TNLA ပြန်ကြားရေးအရာရှိ တာ့ပန်းလှ က - အစိုးရ တပ်မတော်မှ တပ် မကြီးများ၊ စကခ၊ ဒကစ များ အင်အားထောင်ချီ ဖြည့်ကာ ထိုးစစ်ဆင် တိုက် ခိုက်နေသည်ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဘက်အကျအဆုံးများသည် ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

မြန်မာ့တပ်မတော်သည် ဖေဖေါ်ဝါရီ ၁၇ ရက် ပြည်နယ်လွှတ်တော်၊ ပြည်ေ ထာင်စုလွှတ်တော် ဆုံးဖြတ်ချက်အရ လူထု အကျိုးစီးပွားထိပါးနေသည့်လက် နက်ကိုင်တပ်ဖွဲ့များအား ရှင်းလင်းသွားမည်ဟု ဖေဖေါ်ဝါရီ ၂၄ ရက်ကာ ကွယ်ရေးဝန်ကြီးဌာနက မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန် သည့်ေ နာက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း သို့ အင်အားအလုံးအရင်းဖြည့် တင်း ကာ ထိုးစစ်ဆင်နေခြင်းဖြစ် သည်။

ထိုအတွက် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မန်တုံ၊ ကျောက်မဲ၊ နမ့်ဆန်၊ ကွတ် ခိုင်၊ မူစယ်မြို့နယ် အတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလာနေခြင်းဖြစ်သည်။ ဆင်နွဲသည့် တိုက်ပွဲများကြောင့်လည်း ဒေသခံ ထောင်ဂဏန်း စစ်ဘေး စစ်ဒဏ် သင့်နေဆဲဖြစ်သည်။

သျှမ်းသံတော်ဆင့်/ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
TNLA ကို တပ်မတော်က ထိုးစစ်ဆင် လေယာဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက် TNLA ကို တပ်မတော်က ထိုးစစ်ဆင် လေယာဉ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက် Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.