သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်တော်တို့ မိုးမိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်


မတ် ၁၀ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်ခရိုင်အတွင်းမှာ မြန်မာ့တပ်မတော် နှင့် NCA လက်မှတ် မထိုး သည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ် မတော် တို့အကြား တိုက်ပွဲများ ဖြစ်ပွားရာ နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

မတ် ၉ ရက်နေ့တွင် မိုးမိတ်မြို့ အရှေ့မြောက်ဘက် ၃ မိုင်အကွာ နမ့်မိတ်ေ ချာင်း မြောက် ဘက်ခြမ်း သရက်ချိုရွာ နှင့် ညောင်နီရွာအကြား တွင် မြန်မာ့ တပ်မတော် နှင့် သျှမ်းပြည် တပ် မတော် SSPP/SSA တို့ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့သည်။

“အခု အဲဒီဒေသက ရွာသားတွေ မိုးမိတ်မြို့ထဲကို တိမ်းရှောင်လာနေတယ်။ တိုက်ပွဲက မနေ့ တုန်းက ဖြစ်တာ။ ဗမာ့ တပ်မတော်လဲသေတယ်၊ နှစ်ဘက် လုံးသေတယ်။ ဘယ်လောက်လဲ ဆိုတာတော့ အတိအကျ မသိဘူး” - ဟု မိုမိတ်သား စိုင်းသီ က ပြောသည်။

မြန်မာ့တပ်မတော်ဘက် ၄ ဦးထိခိုက်သေဆုံးပြီး ၃ ဦးဒဏ်ရာရှိသည်ဟု နီးစပ်သည့် ကျန်းမာ ရေး အသိုင်းအဝိုင်းက ပြောသော်လည်း အတည် မပြုနိုင်သေးပေ။

သျှမ်းပြည်တပ်မတော် ဘက်တွင်မူနှစ်ဦး ထိခိုက်သည်ဟု အမည် မဖေါ်လို သည့် တပ်မှူး က ပြောသည်။

ထို့အတူ မတ် ၁၀ ရက်ကလည်း ကျောက်မဲမြို့ နယ် အတွင်း မြန်မာ့ တပ် မတော် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲတွင် မြန်မာ့တပ်မတော် ဘက်မှ တိုက်လေယာဉ်ကိုကြိမ်ကြိမ် အသုံးပြုတိုက်ခိုက်နေသည်ဟု TNLA ပြန်ကြားရေး ဌာန က ထုတ်ပြန် ထားသည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်တော်တို့ မိုးမိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်  သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ့တပ်တော်တို့ မိုးမိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.