ခုနှစ်နှစ်ကျော် လေ့လာဆည်းပူးပြီး စာတမ်းတင်နိုင်ခဲ့ခြင်းကြောင့် PhD ဘွဲ့ရခဲ့ ဟု ဒေါက်တာသန်းမြင့် ပြော


မတ်-၂၃

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးတစ်ယောက်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ ရွေးချယ်ခံထားရသည့် လှိုင်သာယာမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်အား ဘွဲ့လက်မှတ် အတုပြု လုပ်ခဲ့ပြီး ၄င်းတက်ခဲ့သည့် တက္ကသိုလ်သည်လည်း အမှန်တကယ်မရှိကြောင်း ထွက်ပေါ်နေသော သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း The Ladies ကိုပြောသည်။

“ ၇ နှစ်လုံးလုံး PhD မှာအပတ်တကုတ်ကြိုးစားခဲ့တယ်၊ ကျွန်တော့်စာတမ်းကို ကြိုက်တဲ့တက္ကသိုလ်ကဆရာကြီး လာဖတ်နိုင်တယ်၊ comment ပေးနိုင်တယ်၊ တကယ့်အဆင့်အတန်းမှီတဲ့ စာတမ်းအနေနဲ့ ဆောင်ရွက်ထားတာ” ဟု ဒေါက်တာသန်းမြင့်က ရှင်းပြသည်။


၎င်း PhD ဘွဲ့ရရှိရန် တင်သွင်းခဲ့သည့်စာတမ်းနှင့် ပတ်သက်ပြီး မည့်သည့်အချိန်မဆို အစစ်ဆေးခံနိုင်ကြောင်း နှင့် လာရောက်လေ့လာနိုင်ကြောင်း ထပ်လောင်းပြောသည်။

“ကျောင်းတွေသဘောကတော့ ချွတ်ချော်မှုတော့ဖြစ်နိုင်တာပေါ့၊ နောက်ပိုင်းမှ ကျောင်းက ပျက်တာဆိုတော့ ဒီဘွဲ့ကိုဖျက်တယ်ဆိုလည်း မတတ်နိုင်ဘူးလေ၊ ကျွန်တော် ရိုးရိုးသားသားလုပ်ခဲ့တာပဲ၊ ကျွန်တော်တစ်ယောက် ထဲလည်း မဟုတ်ဘူး၊ ပိုက်ဆံပေးလို့ ရထားတာလည်းမဟုတ်ဘူး” ဟု ရှင်းပြသည်။
ဒေါက်တာသန်းမြင့်တက်ရောက်ခဲ့သည့် PACIFIC WESTERN UNIVERSITY တွင် မြန်မာနိုင်ငံ မွန်ပြည်နယ်မှ ဆရာကြီးနိုင်ပန်းလှ လည်းတက်ရောက်အောင်မြင်ခဲ့ကြောင်း ၄င်းက ဆိုသည်။


“ပါတီအကြီးအကဲတွေကို ဒီဘွဲ့နဲ့ပတ်သက်ပြီး မူရင်းစာရွက်စာတမ်းတွေတင်ပြပြီးပြီ၊ မိတ္တူလည်း ပေးထားပြီးပါပြီ၊ အားလုံးအဆင်ပြေပါတယ်”ဟု ၄င်းကပြောသည်။
ဒေါက်တာသန်းမြင့်သည် PhD ဘွဲ့ရရှိရန် မာလာဝီနိုင်ငံနဲ့ ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ လူမှုရေး၊ စီးပွားရေးများကို စာတမ်းပြုစုခဲ့ခြင်းဖြစ်သည်။

ကိုပေါက်
The Ladies New
https://www.facebook.com/News.TheLadies/
ခုနှစ်နှစ်ကျော် လေ့လာဆည်းပူးပြီး စာတမ်းတင်နိုင်ခဲ့ခြင်းကြောင့် PhD ဘွဲ့ရခဲ့ ဟု ဒေါက်တာသန်းမြင့် ပြော  ခုနှစ်နှစ်ကျော် လေ့လာဆည်းပူးပြီး စာတမ်းတင်နိုင်ခဲ့ခြင်းကြောင့် PhD ဘွဲ့ရခဲ့ ဟု ဒေါက်တာသန်းမြင့် ပြော Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.