ပြည်ကြီးတံခွန်မြို့နယ်OTအားကစား အ၀တ်အထည်ဆိုင် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွား


မန္တလေး မတ် ၂၉

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် လမ်းသွယ် ၃ နှင့် ၄ ကြားရှိ အကွက် အမှတ် ယ/၁ OT အားကစား အ၀တ် အထည်ဆိုင် ဂိုဒေါင်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။



အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးစတင် လောင်ကျွမ်းမှု ဖြစ်စဉ်အား စုံစမ်း စစ်ဆေး လျှက်ဖြစ်ကြောင်း ကနဦး သတင်းရ ရှိသည်။

မန္တလေး ( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ကြီးတံခွန်မြို့နယ်OTအားကစား အ၀တ်အထည်ဆိုင် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွား  ပြည်ကြီးတံခွန်မြို့နယ်OTအားကစား အ၀တ်အထည်ဆိုင် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.