မရမ်း ကုန်းမြို့နယ်Ocean Center အပေါ်ထပ်မှကိုရီးယားနိုင်ငံသားတစ်ဦး ခုန်ချ သေဆုံး


ရန်ကုန် မတ် ၂

ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် (၄)ရပ်ကွက်ရှိ Ocean Center အပေါ်ထပ် (၁ဝ)လွှာမှ ကိုရီးယားနိုင်ငံသားတစ်ဦး ခုန်ချ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က အဆိုပါOcean Center ကားပတ်လမ်း အပေါ်၌ နိုင်ငံခြားသား အမျိုးသား တစ်ဦးသေဆုံးနေကြောင်း သတင်း အရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင် များက သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူသည် လမ်းမပေါ်၌ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း တွေ့ရှိ ခဲ့သည်။

စစ်ဆေးချက်အရ Ocean Center ရှိ စီစီတီဗွီမှတ်တမ်းကို ကြည့်ရှုရာ နံနက် ၆ နာရီကျော်ခန့် က Ocean Center အပေါ်ရှိ သီရိကွန်ဒို လူနေတိုက်ခန်းမှ ပြုတ်ကျလာသည်ကို တွေ့ရှိရသဖြင့် လူနေတိုက်ခန်းများကို စိစစ်ခဲ့ရာ အထပ်ပေါင်း ၁၂ လွှာရှိသည့်အနက် ၁ဝ လွှာ၊ အခန်းအမှတ် ၁ဝ/ဝ၉ ၌ နေထိုင်သူ ကိုရီးယားနိုင်ငံသားMr.Kin Hyo Gun (၃၅ နှစ်)ဖြစ်ပြီး ဇန်နဝါရီ ၂ဝ ရက်မှ မတ် ၃ဝ ရက် အထိ Business Visa ဖြင့် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၎င်း၏အခန်းအတွင်း စားပွဲပေါ် ရှိ စာရွက်ပေါ်တွင် ကိုရီးယားဘာသာ ဖြင့် ရေးသားထားသည့် သေတမ်းစာ တစ်စောင်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
သေဆုံးသူ ကိုရီးယားနိုင်ငံသား ကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် မရမ်းကုန်းမြို့နယ် မြို့မရဲစန်း က စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

သတင်းနှင့် ဓာတ်ပုံ-
ဇော်ကြီး(ပဏီတ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မရမ်း ကုန်းမြို့နယ်Ocean Center အပေါ်ထပ်မှကိုရီးယားနိုင်ငံသားတစ်ဦး ခုန်ချ သေဆုံး  မရမ်း ကုန်းမြို့နယ်Ocean Center အပေါ်ထပ်မှကိုရီးယားနိုင်ငံသားတစ်ဦး ခုန်ချ သေဆုံး Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.