သျှမ်းပြယ်ဝန်ကြီးချုပ်အသစ် NLD လားရှိုးမှ ဒေါက်တာလင်းထွဋ် အား လွှတ်တော်တွင်အတည်ပြု


မတ် ၂၈ ရက် ၂၀၁၆

ယနေ့ကျင်းပသော ဆဋ္ဌမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှသမ္မတသစ်(လောင်း) ဦးထင်ကျော် က လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာလင်းထွဋ် အား သျှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၌ အတည်ပြုကြေငြာ ခဲ့ပါသည်။

သျှမ်းပြည်နယ် အရေးကိုဆောင်ရွက်ဖို့ကော ၊ ပြည်ထောင်စု နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာစေရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ ၌ ထုတ်ပြန် ထားသည့် ကြေညာစာတမ်း ထိပ်ဆုံး ကဏ္ဍ ဖြစ်သည့် လူထုအားလုံး၏ ဘဝကို ပြောင်းလဲစေဖို့ ဆိုတာ စတင်ဆောင်ရွက်သွားမည်ဟု သျှမ်းပြည်နယ် ဝန်ကြီးချုပ် လောင်း ဒေါက်တာလင်းထွဋ် က မီဒီယာများကို ပြောသည်။

"အဲ့ဒီထဲမှာပါတဲ့ ထိပ်ဆုံးက ကဏ္ဍဖြစ်တဲ့ လူထုအားလုံးရဲ့ဘဝကို ပြောင်း လဲစေဖို့ စတင်ဆောင်ရွက်ပါမယ်။ ဒါကျနော့ရဲ့ ရည်ရွယ်ချက်ပါဘဲ" ဟု ၄င်းကဆက်ပြောသည်။

သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာမည့် ဒေါက်တာလင်းထွဋ်ကို သျှမ်းပြည် နယ် အရေး၊ သျှမ်းပြည်တိုင်း ရင်းသားအရေးကို ကျောသား ရင်သား မခွဲခြားဘဲ တန်းတူညီမျှစွာဖြင့် ကြည့်ရှုဆောင်ရွက်သွား မည်ဟု မျှော်လင့် မိကြောင်း နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နန်းစံဟွမ် ကပြောသည်။

"တိုင်းရင်းသားအနေနဲ့ ပြောရမယ်ဆိုရင်တော့ အားငယ်တာပေါ့ ။ သျှမ်းပြည် တွင်း မှာဆို ဒီလိုတစ်ခါမှ မရှိဖူးဘူးလေ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရှမ်းလူမျိုးဘဲ ပြန်ဖြစ်ချင်တာပေါ့" ဟု ၄င်းကပြောသည်။

NLD မှ ထုတ်ပြန်သည့်ကြေငြာချက်တွင် အချက် ၄ ချက်ပါရှိပြီး ငြိမ်းချမ်းေ ရး နှင့် တရားဥပဒေစိုးမိုး ရေး ဆိုသည့် အခန်းကဏ္ဍသည် အဓိက အရေး ကြီးပြီး မိမိ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ဦးစားပေးဆောင် ရွက်သွား မည်ဟု ဒေါက်တာလင်းထွဋ် ကပြောသည်။

"သျှမ်းပြည်နယ်သူ/သားအားလုံး ကို မေတ္တာပို့ပါတယ်လို့ ပထဦးဆုံးေ ပြာ ချင်ပါတယ်။ ဘယ်တိုင်းရင်း သားဘဲ ဖြစ်ဖြစ် ဘယ်လူမျိုးစုဘဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးစုတွေကော သျှမ်းပြည်နယ်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူထုအားလုံးကိုကော ကျနော်တို့ နိုင်ငံတော် သီချင်းရဲ့ ပထမဦး ဆုံး ခြေ ဆင်း အပိုဒ် ဖြစ်တဲ့ - တရားမျှတ လွှတ်လပ် ခြင်းနဲ့ မသွေ ၊ ဒို့ပြေ ၊ ဒို့မြေ ။ များလူခပ်သိမ်းအေးငြိမ်းစေဖို့ ခွင့်တူညီမျှ ဝါဒ ဖြူစင်တဲ့မြေ - ဆိုတဲ့အတိုင်း ကျနော်တို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဖက်ဒရယ်ပြည်ထောင် စုကြီြး ဖစ် အောင် အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်" ဟု မီဒီယာများကိုပြောသည်။

အဆိုပါ NLD ကြေငြာချက်ကို SNLD အနေဖြင့်ကြိုဆိုကြောင်း၊ သို့သော် တိုင်းရင်းသားညီညွတ်ရေး အတွက် လက်တွေ့ကျကျ လုပ်ဆောင်ရာတွင် အခက်အခဲများ များစွာရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် ယခု NLD မှရွေးချယ်သည့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်သည် သျှမ်းပြည် အရေး ဆောင်ရွက် ဖူးသူမဟုတ်ကြောင်း၊ သို့သော် SNLD အနေဖြင့် ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို တတ်နိုင် သည့် ဘက်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း SNLD ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပါသည်။

NLD အစိုးရသစ် သည် လာမည့် ဧပြီလ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာ ကို ဦးသိန်းစိန်အစိုးရအဖွဲ့ထံမှ လွှဲပြောင်းယူမည်ဖြစ်သည်ဟု လည်းသိရ ပါသည်။

ဓါတ်ပုံ- သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်သည့် ဒေါက်တာလင်းထွဋ်

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သျှမ်းပြယ်ဝန်ကြီးချုပ်အသစ် NLD လားရှိုးမှ ဒေါက်တာလင်းထွဋ် အား လွှတ်တော်တွင်အတည်ပြု သျှမ်းပြယ်ဝန်ကြီးချုပ်အသစ် NLD လားရှိုးမှ ဒေါက်တာလင်းထွဋ် အား လွှတ်တော်တွင်အတည်ပြု Reviewed by THITHTOOLWIN on 14:44 Rating: 5
Powered by Blogger.