လားရှိုး NLD အမတ် ဒေါက်တာလင်းထွဋ် သျှမ်းပြည်နယ်ဝန်ကြီး ချုပ် ဖြစ်ဖွယ်ရှိ

ဓါတ်ပုံ - လားရှိုး NLD ပါတီလွှတ်တော်အမတ် ဒေါက်တာလင်းထွဋ် (Photo: NLD)
မတ်လ ၁၀ ရက် ၂၀၁၆

လာမည့် အစိုးရသက်တမ်းအတွက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် လျာ ထားသူများအနက် လားရှိုး ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရရှိထား သည့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာလင်းထွဋ်မှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖွယ် ရာနှုန်းများပြားေ ကြာင်း NLD နှင့် သျှမ်းနိုင်ငံရေး အသိုင်းအ၀ိုင်းထံမှသိရသည်။

ဒေါက်တာလင်းထွဋ်ကဖြစ်ဖို့ သေချာသလောက်ဖြစ်သွားပြီဗျ။ အန်တီစု နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် လျာထားသူတွေ တွေ့တုန်း ကလည်း သူပါတယ်လေ - ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
အဆင့်မြင့်တာဝန်ရှိသူတဦးက ပြောသည်။

သျှမ်းပြည်အတွင်းရွေးကောက်ပွဲများတွင် NLD ၏ မဟာမိတ်ဖြစ်သော သျှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ်ကလည်း အတိုင်းတာတရပ်အထိ အနိုင်ရထားသဖြင့် အမျိုးသားပြန်လည် သင့်မြတ် ရေးမူအရ SNLD မှလည်း ၀န်ကြီးချုပ်တနေရာ ရကောင်းရနိုင်ဖွယ်ရှိသည်ဟုလည်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက သုံးသပ်ပြောဆိုကြသည်။

သို့သော် SNLD ပါတီ ထိပ်တန်းခေါင်းဆောင် များက ရွေးကောက်ပွဲ မ၀င် သဖြင့် သျှမ်းပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရန် အရည်အချင်းပြည့်မှီသူ နည်းပါး ကြောင်း အမည်မဖော်လိုသည့် သျှမ်းပြည်နယ်ရေးရာလေ့လာသူ တဦးကပြောပါသည်။

ယင်းအပြင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှအထွေထွေ အတွင်းေ ရးမှူး ဦးစိုင်းညွှန့်လွင်မှာ ဒုတိယ သမ္မတနေရာအတွက် သတင်းများထွက်ေ ပ်ါနေ သကဲ့သို့ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ် ရာထူး များ အားလုံးလည်း NLD မှတာဝန်ယူသွားမည်ဟု တရားဝင်ထုတ်ပြန်ကြေငြာထားသည်။

သျှမ်းပြည်နယ်တွင် လွှတ်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် (ငြိမ်း) မှာ တပ်မတော်မှ လာသူများအနက်ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။

သျှမ်းပြည်နယ်ဝန်ကြီးချုပ်အတွက် နာမည်ကြီးနေသူ လားရှိုး NLD အမတ် ဒေါက်တာလင်းထွဋ်မှာ ဗမာလူမျိုးဖြစ်ပြီး ဇနီးဖြစ်သူမှာ သျှမ်းလူ မျိုး ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်၌ ပြည်ေ ထာင်စုကြံ့ခိုင်ရေးပါတီ USDP က မဲအများဆုံးဖြင့်အနိုင်ရရှိပြီး သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒုတိယမဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာမူ တတိယ မဲအများ ဆုံးဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

လားရှိုး NLD အမတ် ဒေါက်တာလင်းထွဋ် သျှမ်းပြည်နယ်ဝန်ကြီး ချုပ် ဖြစ်ဖွယ်ရှိ  လားရှိုး NLD အမတ် ဒေါက်တာလင်းထွဋ် သျှမ်းပြည်နယ်ဝန်ကြီး ချုပ် ဖြစ်ဖွယ်ရှိ Reviewed by THITHTOOLWIN on 06:30 Rating: 5
Powered by Blogger.