ယနေ့ညနေ NLD လွတ်တော်ကိုယ်စားလှယ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ခွန်အားများစွာ ပေးခဲ့ဟု ဆို


နေပြည်တော်၊ မတ် ၁၀

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်တွင် ဒုတိယသမ္မတ အမည်စာရင်းများတင်သွင်းပြီး ညနေ ပိုင်းတွင် စည်ပင်ဧည့်ရိပ်သာ၌ ဒီချုပ်ရွေးချယ်ခံကိုယ်စားလှယ်များနှင့် နာရီဝက်ကြာ တွေ့ဆုံခဲ့သည်။

"ကျွန်တော်တို့ခေါင်းဆောင် လွတ်လွတ်လပ်လပ် ပေါ့ပါ့ပါးပါး ရယ်မောပျော်ရွှင်နေတာ မကြုံဖူး သလောက်ပဲ။ ဒီကနေ့တော့ သူမကတောင် အရွှန်းလေးတွေဖောက်လို့ ကိုယ်တိုင်လည်း လှိုက်လှိုက်လှဲလှဲ ရယ်မောလို့။ ရှေ့ခရီးမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဆီးကြိုနှင့်တယ်ဆိုပေမယ့် ခေါင်းဆောင်ရဲ့ ဒီကနေ့ လွတ်လပ်ပေါ့ပါးရယ်မောနေမှုက ကျွန်တော်တို့အတွက် ကြီးစွာသော အထောက်အပံ့နဲ့ ခွန်အားကိုဖြစ်စေပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ၄င်း၏ ဖေ့ဘုတ်လူမူကွန်ရက်စာမျက်နှာမှ ရေးသားမျှဝေခဲ့သည်။

“လွှတ်တော်ထဲ မဲပေးတဲ့နေရာမှာ အမှားအယွင်းမရှိအောင် မဲပေးကြဖို့၊ မဲပေးတဲ့ကိစ္စရပ်မျိုးဟာ နောက်မျိုးဆက် သစ်တွေ အတွက် အကောင်းဆုံး အရေးကြီးဆုံး လုပ်ငန်းတွေအတွက် ဆောင်ရွက်ရတယ်လို့ သဘောထားပြီး ဆောင်ရွက်ကြဖို့ မှာကြားခဲ့တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ယနေ့ ဒုတိယသမ္မတ ရွေးချယ်ခြင်းနှင့် မဲပေးခြင်းကိစ္စများကိုမူ အထူးညွန်ကြားထားခြင်း မရှိကြောင်းလည်း ၄င်းက ထပ်လောင်းပြောသည်။
“ ပြည်သူတွေမဲကိုယူပြီး လွှတ်တော်ထဲမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးချယ်ခံကိုယ်စားလှယ်တွေ့ဆုံပွဲတွင် ကိုယ်စားလှယ် အားလုံးနီးပါးတက်ရောက်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်မည့် ရက်နေ့ မတိုင်မီအထိ အမတ်အားလုံး ခရီးမသွားကြရန် ၊ ကျန်းမာရေး ဂရုစိုက်ကြရန် မှာကြားခဲ့သည် ။ လွှတ်တော် အစည်းအဝေးများတွင် NLD အမတ်များအားလုံး ပင်နီ ၀တ်ဆင်ကြရန်လည်း အထူးအလေးထား တိုက်တွန်းသွားကြောင်း သိရှိရသည်။

ကိုပေါက်

ဓာတ်ပုံ - စောဖိုးခွား

The Ladies News
https://www.facebook.com/News.TheLadies
ယနေ့ညနေ NLD လွတ်တော်ကိုယ်စားလှယ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ခွန်အားများစွာ ပေးခဲ့ဟု ဆို  ယနေ့ညနေ NLD လွတ်တော်ကိုယ်စားလှယ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ခွန်အားများစွာ ပေးခဲ့ဟု ဆို Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.