ပြည်သူနစ်နာမည်ဆိုပါက မြစ်ဆုံစီမံကိန်းသာမက မည်သည့်အရာကိုမှ လုပ်ဆောင်သွားမည်မဟုတ်ဟု NLDဆို


ပြည်သူနစ်နာမည်ဆိုပါက မြစ်ဆုံစီမံကိန်းသာမက မည်သည့်ကိစ္စကိုမှ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။

.နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ ဒေါက်တာဇော်မြင့်မောင် နေထိုင်ရာ အခန်းသို့ မီဒီယာများမှ CPI တရုတ်ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးပမ်း နေသည့် ဆိုသည့် သတင်းများ ပြန့်နှံ့နေမှုများနှင့် ပတ်သက်ပြီးမေးမြန်းမှုကို ၎င်းကပြန်လည်ဖြေကြာဲးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပါတီမူက ပြည်သူတွေကိုပဲ ကြည့်တယ်။ ပြည်သူနစ်နာတာ ဘာမှမလုပ်ဘူး။”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဧပြီ (၁)ရက်နေ့တွင် စတင်အသက်ဝင်လာမည့် အစိုးရအဖွဲ့မှ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည်လုပ်ဆောင်မည်ဆိုသည့် သတင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ကတဖက်သက် ပြောစကားများသာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

“မြစ်ဆုံကိစ္စ ပြောတဲ့သူတွေက တဖက်သက်ပြောနေကြတာ။ ကျွန်တော်တို့က ပြည်သူ့အတွက်ကိုပဲ ရှေးရှုတယ်။ ပြည်သူတွေအတွက်ကိုပဲ ကြည့်ပြီးတော့လုပ်ဆောင်သွားမယ်။ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောပြီးသားပါ”ဟု ၎င်းကဆက်ပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် မြစ်ဆုံစီမံကိန်းအား ၎င်း၏ သက်တမ်းငါးနှစ်အတွင်း ရပ်တန့်ထားရန် ဆုံးဖြတ်ထားပြီး ယခုအခါ ငါးနှစ်ပြည့်တော့မည် ဖြစ်သောကြောင့် CPI ကုမ္ပဏီမှ မြစ်စုံစီမံကိန်း ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟု လူမှုကွန်ယက် စာမျက်နာများတွင် ပျံ့နှံ့လျှက်ရှိသည်။

Messenger News Journal
https://www.facebook.com/Messenger-News-Journal
ပြည်သူနစ်နာမည်ဆိုပါက မြစ်ဆုံစီမံကိန်းသာမက မည်သည့်အရာကိုမှ လုပ်ဆောင်သွားမည်မဟုတ်ဟု NLDဆို  ပြည်သူနစ်နာမည်ဆိုပါက မြစ်ဆုံစီမံကိန်းသာမက မည်သည့်အရာကိုမှ လုပ်ဆောင်သွားမည်မဟုတ်ဟု NLDဆို Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.