ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဌ အဖြစ်သာရှိနေမည် ဖြစ်ပြီး လွှတ်တော်၊ အစိုးရနှင့် NLD ပါတီကို ဆက်လက်ဦးဆောင်မည်


မတ် ၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရအဖွဲ့တွင် မည်ကဲ့သို့သော ရာထူးရယူမည်ဟူသော ကောလဟာလ သတင်းများ အမျိုးမျိုးပေါ်ထွက်နေ သော်လည်း ပါတီဥက္ကဌအဖြစ်သာ ဆက်လက်ဦးဆောင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ပါတီဥက္ကဌရဲ့ အခန်းကဏ္ဍက အမြဲတမ်းထိပ်မှာပဲရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုရှိသလဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့မယ့် အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မယ်၊ အခြေခံသဘောတရားအရ ဒါကိုပဲပြောပါရ စေ” ဟု ၄င်းကရှင်းပြသည်။
ဒီမိုကရေစီနိုင်ငံတိုင်းတွင် ပါတီမှချမှတ်သော ပေါ်လစီများအား ရွေးချယ်ခံ ကိုယ်စားလှယ်များက အကောင်အ ထည်ဖော်ဆောင်ရသကဲ့သို့ အစိုးရအဖွဲ့သည်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း ၄င်းက ဖြည့် စွက်ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဒ်မ ၅၉(စ) အတားအဆီးကြောင့် နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရရှိခဲ့သော် လည်း ပုဒ်မ ၅၉(စ) ပြင်ဆင်ခွင့်မရရှိခဲ့ပေ၊ ယင်းအပြင် ကာ/လုံ အဖွဲ့တွင် ပါဝင်နိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ထမ်းဆောင်ရန် သတင်းများထွက်ပေါ်ခဲ့သော်လည်း ပါတီနှင့် အစိုးရအဖွဲ့အား ဦးဆောင်နိုင်ရန် ပါတီ ဥက္ကဌ တာဝန်ကိုသာ ဆက်လက်ဆောင်ရွက်ဖွယ်ရှိသည်။

ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဌ အဖြစ်သာရှိနေမည် ဖြစ်ပြီး လွှတ်တော်၊ အစိုးရနှင့် NLD ပါတီကို ဆက်လက်ဦးဆောင်မည်  ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဌ အဖြစ်သာရှိနေမည် ဖြစ်ပြီး လွှတ်တော်၊ အစိုးရနှင့် NLD ပါတီကို ဆက်လက်ဦးဆောင်မည် Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.