NLD နဲ့ ANP သဘောတူညီချက်ရ


ဒေါ်အောင်ဆန်းစုကြည် နဲ့ ရခိုင်အမျိုးသားပါတီ က လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြသနာတွေ ဖြေရှင်းနိုင်ရေးအတွက် အန်အယ်လ်ဒီ နဲ့ အေအန်ပီ နှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေရှာသွားကြမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။


ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီက ဦးညီပုကို ခန့်အပ်မှာ ဖြစ်ပေမယ့် အစိုးရအဖွဲ့မှာ အေအန်ပီက ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ ပါဝင်မယ်လို့ လည်း ပြောပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

(ဓါတ်ပုံ မျိုးသန့်ခိုင် အာအက်ဖ်အေ)
RFA Burmese
https://www.facebook.com/RFA-Burmese
NLD နဲ့ ANP သဘောတူညီချက်ရ  NLD နဲ့ ANP သဘောတူညီချက်ရ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.