Myanmar Inno International Limited( ယခင်က ဆေးဂဲလ်) အထည်ချုပ်မှ အလုပ်သမားများ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြ


Myanmar Inno International Limited( ယခင်က ဆေးဂဲလ်) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာကိစ္စနှင့်ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ အထည်ချုပ် လုပ်သားများက စက်ရုံအတွင်း လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်နေကြသည်။

'' အဓိကကတော့ လစာတွေက စက်ချုပ်လုပ်သားရော စက်ချုပ်အကူရောက တန်းတူဖြစ်နေတယ်။ ကျွမ်းကျင်ကြေးတွေ မရှိတော့ဘူး။ တစ်လကို ရတဲ့လစာကသူများစက်ရုံကလူတွေနဲ့ ယှဉ်ရင် အများကြီး နည်းနေတယ်။ ဒါကြောင့် ဆန္ဒပြတောင်းဆိုတာပါ'' ဟု စက်ရုံမှ အထည်ချုပ်လုပ်သားတစ်ဦးက China.comသို့ ပြောသည်။

အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ပြီးချိန်မှ စတင်ကာ စက်ရုံတွင် အချိန်ပို ခေါ်ခြင်း မရှိတော့ဘဲ လစာပေးရက်များလည်း မှန်ကန်ခြင်းမရှိတော့ကြောင်း၊ မန်နေဂျာများအား ရာထူးလျော့ချထားကြောင်း၊  လက်ရှိအချိန်တွင် လုံခြုံရေးနှင့် သန့်ရှင်းရေး ဝန်ထမ်း ၁၃ ဦးကို အလုပ်မှ ထုတ်ပယ်ထားကြောင်း၊ စက်လိုင်းအတွင်းမှ ဝန်ထမ်းများကိုလည်း လျော့ချမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် အလုပ်သမားများ အနေဖြင့် စိုးရိမ်နေကြကြောင်း သိရသည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက်ပြီး China.com မီဒီယာက စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံရန် လုံခြုံရေးဂိတ်သို့ သွားရောက်ခဲ့သော်လည်း တွေဆုံခွင့် ရမည် မဟုတ်ကြောင်းစက်ရုံမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြန်ပြောပြီး စက်ရုံတံခါးအား ပိတ်သွားခဲ့သည်။

စည်သူ
china.com Myanmar
http://myanmar.china.com

Myanmar Inno International Limited( ယခင်က ဆေးဂဲလ်) အထည်ချုပ်မှ အလုပ်သမားများ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြ  Myanmar Inno International Limited( ယခင်က ဆေးဂဲလ်) အထည်ချုပ်မှ အလုပ်သမားများ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြ Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.