မိုဇမ်ဘစ်နိုင်ငံ တွင်တွေ့ရှိသည့် MH370 လေယာဉ်အပျက်အစီးဟု ယူဆရသော သတ္တု အပိုင်းအစအား စစ်ဆေးရန် သြစတြေးလျသို့ ပို့ဆောင်ထား

မိုဇမ်ဘစ်နိုင်ငံတွင် တွေ့ရှိသည့် MH370 လေယာဉ် အပျက်အစီးဟု ယူဆရသော သတ္တု အပိုင်းအစအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ကန်ဘာရာ၊ မတ် ၃ ရက် (ဆင်ဟွာ)

    MH370 လေယာဉ်မှ ဟု ယူဆရသည့် အပျက်အစီးတစ်ခုအား အာဖရိက နိုင်ငံတစ်ခု ဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ တွင် တွေ့ရှိခဲ့ပြီး စစ်ဆေးရန် အတွက် သြစတြေးလျ နိုင်ငံသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သြစတေးလျနိုင်ငံ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီး Darren Chester က မတ်လ ၃ ရက်တွင် ပြောကြား ခဲ့သည်။

Chester က အဆိုပါအပျက်အစီးသည် ၁မီတာ ရှည်လျားသည် သတ္တုအပိုင်းအစ တစ်ခု ဖြစ်ပြီး ၄င်းအား မိုဇမ်ဘစ် ကမ်းခြေ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ သတ္တု အပိုင်းအစအား သြစတြေးလျ နိုင်ငံသို့ပေးပို့၍ မလေးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံ မှ တာဝန်ရှိသူများနှင့် အခြား နိုင်ငံတကာများ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လေယာဉ် အပျက်အစီးအား မိုဇမ်ဘစ်နိုင်ငံ၊ အင်ဟန်ဘိန်း ပြည်နယ်၊ ဗီလန်ကျူးလော့စ် ကမ်းရိုးတန်း တစ်လျှောက်တွင် အမေရိကန် ခရီးသွားများအား ဝန်ဆောင်မှု ပေးနေသည့် ဒေသခံ ငါးဖမ်းသမား တစ်ဦးက တွေ့ရှိခဲ့ကာ မိုဇမ်ဘစ်နိုင်ငံ အမျိုးသား လေကြောင်း ပို့ဆောင်ရေးဌာနသို့ မတ်လ ၂ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

မလေးရှား လေကြောင်းလိုင်း မှ MH370 အမည်ရှိ ဘိုးရင်း 777-200ER အမျိုးအစား လေယာဉ်သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့ မှ ဘေဂျင်းသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၃၉ ဦး တင်ဆောင်လာကာ အများစုများ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
 (Xinhua)
http://www.xinhuamyanmar.com
မိုဇမ်ဘစ်နိုင်ငံ တွင်တွေ့ရှိသည့် MH370 လေယာဉ်အပျက်အစီးဟု ယူဆရသော သတ္တု အပိုင်းအစအား စစ်ဆေးရန် သြစတြေးလျသို့ ပို့ဆောင်ထား မိုဇမ်ဘစ်နိုင်ငံ တွင်တွေ့ရှိသည့် MH370 လေယာဉ်အပျက်အစီးဟု ယူဆရသော သတ္တု အပိုင်းအစအား စစ်ဆေးရန် သြစတြေးလျသို့ ပို့ဆောင်ထား Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.