IS အဖွဲ့ဝင် ၂၀၀၀၀ ကျော် စာရင်းပေါက်ကြား

IS အဖွဲ့ဝင် လျှောက်လွှာလို့ ယူဆကြတဲ့ စာရွက်စာတမ်းကို Sky News က ရရှိထားပါတယ်။ (Credit: ABC licensed) 
IS ​အစ္စလာမ်မစ် ​အဖွဲ့ဝင် ​လူပေါင်း ​နှစ်သောင်းကျော်ရဲ့ ​အမည်စာရင်းတွေ ​ပေါက်ကြားသွားတဲ့အတွက် ​အနောက်တိုင်း ​ထောက်လှမ်းရေး ​တပ်တွေအတွက် ​လုပ်ငန်းတွေ ​ပိုမိုလွယ်ကူစေနိုင်ပါတယ်။

နိုင်ငံပေါင်း ​၅၀ ​က ​IS ​အဖွဲ့ကို ​စိတ်ဝင်စားတဲ့ ​လူတွေရဲ့ ​လျှော်လွှာလို့ ​ယူဆရတဲ့ ​စာရွယ်တွေထဲမှာ ​IS ​သင်တန်းတက်ခွင့် ​ရဖို့ ​လျှောက်ထားသူတွေရဲ့ ​နာမည်၊ ​နေရပ်လိပ်စာ၊ ​ဖုန်းနံပတ် ​အစရှိတဲ့ ​ကိုယ်ရေး ​အချက်အလက် ​အားလုံး ​ပါဝင်နေတာ ​ဖြစ်ပါတယ်။

IS ​အဖွဲ့ဝင် ​ဖြစ်ခွင့်ရဖို့ ​လျှောက်ထားတဲ့ ​လျှောက်လွှာတွေက ​ဂျာမနီနဲ့ ​ဗြိတိန် ​သတင်းမီဒီယာထဲ ​ပေါက်ကြား ​သွားတာ ​ဖြစ်ပါတယ်။

အဲဒီအထဲမှာ ​သြစတြေးလျနိုင်ငံမှာ ​ဗုံးဖောက်ခွဲဖို့ ​ကြိုးစားနိုင်တဲ့ ​သြစတြေးလျနိုင်ငံသား ​Abu ​Oubeida ​Al ​Loubani ​လည်း ​ပါဝင်ပါတယ်။

ဗြိတိန်နိုင်ငံက ​MI6 ​အရာရှိဟောင်း ​John ​Sawers ​ကတော့ ​အဲဒီလို ​အချက်အလက်တွေက ​အနောက်တိုင်းက ​ထောက်လှမ်းရေးတွေအတွက် ​ဘယ်သူက ​IS ​အဖွဲ့ဝင် ​ဖြစ်ဖို့ ​ကြိုးစားနေသလဲ ​ဆိုတာကို ​အလွယ်တကူ ​လေ့လာ ​စောင့်ကြည့်နိုင်စေမယ်လို့ ​ပြောဆိုထားပါတယ်။

ဒီစာရွက် ​စာတမ်းတွေက ​အမှန်ဟုတ်ရဲ့လားလို့ ​သံသယတွေ ​ရှိပေမယ့် ​ဂျာမနီ ​ပြည်ထဲရေး ​ဝန်ကြီးကတော့ ​အစစ်အမှန် ​ဖြစ်နိုင်တယ်လို့ ​ပြောပါတယ်။

ဗြိတိန်နိုင်ငံက ​Sky ​News ​ကတော့ ​IS ​အဖွဲ့ဝင်ဟောင်းတစ်ယောက်က ​memory ​stick ​ထဲထည့်ပြီး ​အချက်အလက် ​ခိုးယူခဲ့တာလို့ ​ဆိုပါတယ်။

ဆွီဒင်နိုင်ငံက ​ထောက်လှမ်းရေးကတော့ ​အဲဒီလို ​စာရင်းကို ​ရရှိပြီးသား ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီအချက်အလက်တွေသာ ​မှန်ကန်ရင် ​ထောက်လှမ်းရေးသမားတွေအတွက် ​ရွှေတွင်းတွေ့သလို ​ဖြစ်မယ်လို့ ​MI6 ​က ​အရာရှိဟောင်း ​Richard ​Barrettလည်း ​ပြောပါတယ်။

ဒါပေမဲ့ ​Georgia ​State ​တက္ကသိုလ်က ​Charlie ​Winter ​ကတော့ ​ဖောင်ထဲမှာ ​ဖြည့်ထားတဲ့ ​ဘာသာစကား ​ကွဲပြားနေတာကိုကြည့်ပြီး ​အစစ်အမှန်မှ ​ဟုတ်ပါ့မလားဆိုပြီး ​မေးခွန်းထုတ်လိုက်ပါတယ်။

အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံက ​IS ​လို့ ​ရေးရာမှာ ​ကွဲလွဲမှုတွေ ​ရှိနေတဲ့အတွက် ​IS ​အဖွဲ့ဝင် ​စာရင်းအတုပဲ ​ဖြစ်မယ်လို့ ​ထောက်ပြထားပါတယ်။

ဒါ့အပြင် ​ကွယ်လွန်သူတွေရဲ့ ​စာရင်းမှာလည်း ​သူရဲကောင်း ​ဖြစ်တဲ့နေ့လို့ ​မရေးပဲ ​ကွယ်လွန်တဲ့နေ့လို့ပဲ ​ရေးထားတဲ့အတွက် ​IS ​အဖွဲ့ရဲ့ ​အသုံးအနှုန်းနဲ့ ​မကိုက်ညီဘူးလို့ ​ထောက်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အဖွဲ့ဝင် ၂၀၀၀၀ ကျော် စာရင်းပေါက်ကြား  IS အဖွဲ့ဝင် ၂၀၀၀၀ ကျော် စာရင်းပေါက်ကြား Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.