IS အဖွဲ့ဝင် လျှောက်လွှာလို့ ယူဆကြတဲ့ စာရွက်စာတမ်းကို Sky News က ရရှိထားပါတယ်။ (Credit: ABC licensed) |
နိုင်ငံပေါင်း ၅၀ က IS အဖွဲ့ကို စိတ်ဝင်စားတဲ့ လူတွေရဲ့ လျှော်လွှာလို့ ယူဆရတဲ့ စာရွယ်တွေထဲမှာ IS သင်တန်းတက်ခွင့် ရဖို့ လျှောက်ထားသူတွေရဲ့ နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ် အစရှိတဲ့ ကိုယ်ရေး အချက်အလက် အားလုံး ပါဝင်နေတာ ဖြစ်ပါတယ်။
IS အဖွဲ့ဝင် ဖြစ်ခွင့်ရဖို့ လျှောက်ထားတဲ့ လျှောက်လွှာတွေက ဂျာမနီနဲ့ ဗြိတိန် သတင်းမီဒီယာထဲ ပေါက်ကြား သွားတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ သြစတြေးလျနိုင်ငံမှာ ဗုံးဖောက်ခွဲဖို့ ကြိုးစားနိုင်တဲ့ သြစတြေးလျနိုင်ငံသား Abu Oubeida Al Loubani လည်း ပါဝင်ပါတယ်။
ဗြိတိန်နိုင်ငံက MI6 အရာရှိဟောင်း John Sawers ကတော့ အဲဒီလို အချက်အလက်တွေက အနောက်တိုင်းက ထောက်လှမ်းရေးတွေအတွက် ဘယ်သူက IS အဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစားနေသလဲ ဆိုတာကို အလွယ်တကူ လေ့လာ စောင့်ကြည့်နိုင်စေမယ်လို့ ပြောဆိုထားပါတယ်။
ဒီစာရွက် စာတမ်းတွေက အမှန်ဟုတ်ရဲ့လားလို့ သံသယတွေ ရှိပေမယ့် ဂျာမနီ ပြည်ထဲရေး ဝန်ကြီးကတော့ အစစ်အမှန် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံက Sky News ကတော့ IS အဖွဲ့ဝင်ဟောင်းတစ်ယောက်က memory stick ထဲထည့်ပြီး အချက်အလက် ခိုးယူခဲ့တာလို့ ဆိုပါတယ်။
ဆွီဒင်နိုင်ငံက ထောက်လှမ်းရေးကတော့ အဲဒီလို စာရင်းကို ရရှိပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေသာ မှန်ကန်ရင် ထောက်လှမ်းရေးသမားတွေအတွက် ရွှေတွင်းတွေ့သလို ဖြစ်မယ်လို့ MI6 က အရာရှိဟောင်း Richard Barrettလည်း ပြောပါတယ်။
ဒါပေမဲ့ Georgia State တက္ကသိုလ်က Charlie Winter ကတော့ ဖောင်ထဲမှာ ဖြည့်ထားတဲ့ ဘာသာစကား ကွဲပြားနေတာကိုကြည့်ပြီး အစစ်အမှန်မှ ဟုတ်ပါ့မလားဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံက IS လို့ ရေးရာမှာ ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် IS အဖွဲ့ဝင် စာရင်းအတုပဲ ဖြစ်မယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ကွယ်လွန်သူတွေရဲ့ စာရင်းမှာလည်း သူရဲကောင်း ဖြစ်တဲ့နေ့လို့ မရေးပဲ ကွယ်လွန်တဲ့နေ့လို့ပဲ ရေးထားတဲ့အတွက် IS အဖွဲ့ရဲ့ အသုံးအနှုန်းနဲ့ မကိုက်ညီဘူးလို့ ထောက်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အဖွဲ့ဝင် ၂၀၀၀၀ ကျော် စာရင်းပေါက်ကြား
Reviewed by THITHTOOLWIN
on
11:24
Rating: