DKBA ဗိုလ်ချုပ် စောလားပွယ် ကွယ်လွန်

 လည်ချောင်း ကင်ဆာရောဂါနဲ့ ဒီနေ့မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်တုံးက ပဲခူးမြို့ဆေးရုံကြီးမှာ ကွယ်လွန်
ဒီမိုကရေစီကရင် အကျိုးပြုတပ်မတော် (DKBA) ရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး စောလာပွယ်( ခေါ် )ဗိုလ်နှုတ်ခမ်းမွှေးဟာ ဒီနေ့မွန်းလွဲပိုင်းတုံးက ပဲခူးမြို့ဆေးရုံကြီး မှာ ကွယ်လွန်သွားပါတယ်။

ဗိုလ်ချုပ်ကြီး စောလာပွယ်( ခေါ် ) ဗိုလ်နှုတ်ခမ်းမွှေးဟာ ၃ နှစ်နီးပါးခံစားနေရတဲ့လည်ချောင်း ကင်ဆာရောဂါနဲ့ ဒီနေ့မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်တုံးက ပဲခူးမြို့ဆေးရုံကြီးမှာ ကွယ်လွန်သွား တာပါ။

ဗိုလ်ချုပ်ကြီး စောလာပွယ်ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီးတော့၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA) ရဲ့ကော့ကရိတ်မြို့ဆက်ဆံရေးရုံး တာဝန်ခံဗိုလ်မှူးစောရင်ကြည်က ကင်ဆာ ရောဂါနဲ့ ကွယ်လွန် တာလို့ ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ဗိုလ်ချုပ်ကြီး စောလာပွယ်ဟာသူ့ရဲ့လည်ချောင်းကင်ဆာရောဂါကိုရန်ကုန်ဆေးရုံနဲ့စင်္ကာပူ ဆေးရုံ တွေအထိသွားရောက်ကုသခဲ့ပြီး၊နောက်ဆုံးပဲခူးမြို့မှာနေထိုင်အနာယူရင်းနဲ့ပဲခူးဆေးရုံမှာကွယ်လွန်သွားတာလို့(DKBA) တာဝန်ရှိသူတွေကပြောပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံရွာသားဗိုလ်ချုပ်ကြီး စောလာပွယ်ဟာ ကေအင်ယူတပ်မ ဟာ ၆ လက်အောက်ခံ၊တပ်ရင်း ၁၇ မှာတပ်ခွဲမှူးအထိတာဝန်ထမ်းဆောင်ခဲ့ပြီးတော့၊ ၁၉၉၄ ခုနှစ် မှာကေအင်ယူကနေဒီကေဘီအေအဖြစ်ခွဲထွက်သွားပြီး ကလို့ထူးဘော တပ်ဖွဲ့ကိုတည်ထောင်ရာမှာ ဒီကေဘီအေရဲ့အဲဒီတပ်ရဲ့တပ်မှူးဖြစ်လာပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် DKBA ကနေ BGF ကရင်နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းစဉ်ကလိုက်ပါသွားခြင်းမရှိပဲ၊ဒီကေဘီအေအဖြစ်နဲ့ပဲဆက်လက်ရပ်တည်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး စောလာပွယ်ဉီးဆောင်တဲ့DKBA အဖွဲ့ဟာ အစိုးရနဲ့ပိုပြီးနားလည်းမှု တွေရရှိခဲ့ပြီး ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်တခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူဆောင်ရွက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး စောလားပွယ်ဟာ မကျန်းမာတဲ့ကြားကနေကရင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် NCA တပြည်လုံးအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ထိုးပေးခဲ့တယ်လို့ BGF တပ်ရင်း မှူးတဉီးဖြစ်တဲ့ဗိုလ်မှူးနိုင်မောင်ဇော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖေါ်ပြ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
DKBA ဗိုလ်ချုပ် စောလားပွယ် ကွယ်လွန် DKBA ဗိုလ်ချုပ် စောလားပွယ် ကွယ်လွန် Reviewed by THITHTOOLWIN on 04:23 Rating: 5
Powered by Blogger.